
PDFလူငယ်လေးတွေနဲ့ မောင်နှမတွေလိုမျိုးခင်မင်ရင်းနှီးလို့ စားပွဲဝိုင်းတစ်ဝိုင်းတည်းမှာပဲ ရှိတဲ့ဟင်းလေးနဲ့ ထမင်းအတူတူလက်ဆုံစားနေတဲ့ ထားထက်ထက်
အနုပညာလောကမှာ နာမည်ရနေပြီးသားဖြစ်တဲ့ ထားထက်ထက်ကတော့ အခုချိန်မှာ ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ပြီး သူမရဲ့အနာဂတ်ကိုစွန့်လွှတ်ထားတာဖြစ်ပါတယ်။ထားထက်ထက်က လွတ်မြောက်နယ်မြေမှာရောက်ရှိနေပြီ PDF တွေအတွက်လည်း အလှူငွေတွေနဲ့ ထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။သူမကတော့ မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် ယောက်ျားသားတွေနဲ့အတူရင်ဘောင်တန်းပြီး သတ္တိအပြည့်နဲ့ တောထဲမှာနေထိုင်နေတာဖြစ်ပါတယ်။ ထားထက်ထက်ရဲ့လုပ်ရပ်တွေကို ပရိသတ်တွေကလည်း ချီးကျူးကြပြီး အရင်ကထက် ပိုမိုအားပေးလာကြတာဖြစ်ပါတယ်။ဒါ့အပြင် တချို့စေတနာရှင်တွေကလည်း ထားထက်ထက်ကိုယုံကြည်လို့ အလှူငွေတွေထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။ …
Read More