ကွယ်လွန်သွားတဲ့ချစ်ခင်ပွန်း ကုသိုလ်ရစေဖို့ သူ့ဓာတ်ပုံလေးကိုဘေးမှာချထားပြီး ရေစက်သွန်းချအမျှပေးဝေခဲ့တဲ့ ရွှေရည်သိန်းတန်

 

အဆိုတော် ရွှေရည်သိန်းတန်ဟာ မကြာသေးခင် ရက်ပိုင်းလောက်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲနေတာ ဖြစ်ပါတယ်။ ဘဝထဲကနေ အခုလို ရုတ်တရက် ခွဲခွာသွားတဲ့အတွက် ဘယ်လိုမှ မယုံနိုင်သေးတဲ့ အခြေအနေ ဖြစ်နေဆဲ ဖြစ်ပါတယ်။

 

 

ခင်ပွန်းနဲ့ပတ်သက်ပြီး ဝမ်းနည်းခံစားနေရတာတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ရေးသားဝေမျှထားတာကိုလည်း ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။မနေ့ကတော့ ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်း ကွယ်လွန်သွားတာ တစ်ပတ်တိတိပြည့်မြောက်ခဲ့ပြီ ဖြစ်တာကြောင့်နေအိမ်မှာရော သူကိုယ်တိုင် တည်ထားတဲ့ ဘုရားမှာပါ ကုသိုလ်ကောင်းမှုတွေ တစ်ဝကြီး လုပ်ပေးထားကြောင်းရေးသားထားပါတယ်။

 

 

သူမပြုလုပ်တဲ့ ကုသိုလ်မှန်သမျှကို ခင်ပွန်းဖြစ်သူနှင့်တကွ ချစ်ခင်ရင်းနှီးရတဲ့ အခြားသောမိသားစုဝင်များလည်း ထပ်တူရပြီး ရောဂါကင်းကွာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သထားတာ ဖြစ်ပါတယ်။

 

 

ရွှေရည်သိန်းတန်တင်ထားတဲ့ ပို့စ်အောက်တွင်လည်း သူမပြုသမျှ ကုသိုလ်တွေအားလုံး ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ ကိုနေလ အပြည့်အဝရရှိပြီး သာဓုခေါ်ဆိုနိုင်မှာဖြစ်ကြောင်းကို comment များတွင် ရေးသားထားကြပါတယ်။

 

 

အနားကနေအမြဲအတူရှိနေတဲ့ ချစ်ခင်မြတ်နိုးရသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ဟာ ဘယ်သူမှနှစ်သိမ့်ပေးလို့ ရနိုင်မှာ မဟုတ်ပါဘူး။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေလတစ်ယောက် သူ့ရဲ့ချစ်ဇနီး ပြုလုပ်ပေးတဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

 

 

Source and Photo Crd-Shwe Yee Thein Than’s Facebook Accountmdatenews

mdatenews