ကိုယ်ချင်းစာတရားထားပြီး အောက်စီဂျင်အိုးတွေကို မတန်တဆမရောင်းကြဖို့ပြောလာတဲ့ သရုပ်ဆောင်ဖွေးဖွေး

 

ဖွေးဖွေးကတော့မြန်မာ့ အကယ်ဒမီဆုရှင်သရုပ် ဆောင်တစ်ယောက်ဖြစ်ပါတယ်။သူမကအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီးကျရာဇာတ်ရုပ်ကိုလဲပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ဖွေးဖွေးနဲ့သရုပ်ဆောင်မင်းသမီးဝတ်မှုန်ရွှေရည်ဆိုတာလဲ ညီမဝမ်းကွဲတွေပါ။နှစ်ယောက်လုံးကေ အာင်မြင်ကျော်ကြားကြတဲ့ မင်းသမီးတွေပေါ့။

 

 

ဖွေးဖွေးကတော်လှန်ရေးကာလတွေစကတဲကပြည်သူတွေနဲ့အတူရပ်တည်ပြီးဆန္ဒဖော်ထုတ်ခဲ့တဲ့သူတစ်ယောက်ပါ။ယနေ့ထိလဲပြည်သူနဲအတူရှိနေဆဲပါပဲ။သူမက(၅၀၅)ကထွက်ပြေးနေရပေမယ့် ရောဂါဆိုးအပေါ်အမှီပြုပြီးအမြတ်ကြီးစားနေကြတဲ့လူတစ်ချို့ကိုကိုယ်ချင်းစားကြဖို့မေတ္တာရပ်ခံလာပြီးကမ်ပိန်းလေးတစ်ခုမှာပါဝင် လာဖို့ဖိတ်ခေါ်ထားပါတယ်။

 

 

“ကျေးဇူးပြု၍စိုးရိမ်ပူပန်စွာဖြင့်ရန်ကုန်သာမကတပြည်လုံးကိုကယ်တင်ဖို့လိုနေပါပြီO2 ပြဿနာကမြို့တိုင်းကြုံနေရပါပြီ LetUs Breatheဆိုတာဘာလဲ?ဒီ let us breathe campaign ဟာမြန်မာလိုကျွန်ုပ်တို့ကိုအသက်ရှူခွင့်ပေးပါလို့အဓိပ္ပာယ်သက်ရောက်ပါတယ်။ကျွန်ုပ်တို့ကိုအသက်ရှူခွင့်ပေးပါ။မတရား သဖြင့်ဈေးတွေမတန်တဆနဲ့အောက်စီဂျင်အိုးတွေ‌ မရောင်းကြပါနဲ့တော့၊

 

 

မလိမ်ကြပါနဲ့တော့၊အိုးအသေးတွေများများသွင်းပေးကြပါ၊အလွယ်တကူအောက်စီဂျင်ရှူခွင့်ပေးပါ၊အိုးတွေငှားပြီးလည်းလိုအပ်သူတွေအတွက်ပြန်ပို့ပေးကြပါ၊အမြတ်ကြီးစားပြီး မရောင်းကြပါနဲ့တော့ ၊မြန်မာပြည်ကိုကယ်တင်ပေးကြပါစတဲ့အဓိပ္ပာယ်တွေပါပါတယ်။လူလူချင်းစာနာကြရအောင်ပါ၊အားလုံးပဲLetUsBreathe Campaignမှာပါဝင်ပေးကြပါ။”ဖွေးရဲ့လူမှု့စာမျက်နှာမှ ာဖိတ်ခေါ်ထားပါတယ်နော်။

 

 

 

Credit:Owner writingmdatenews

mdatenews