ပရိတ်သတ်ကြီးရေ….လတ်တလောမှာ ရောဂါပြန့်ပွားမှုကလည် းအတော်လေးများလာပြီဖြစ်ပြီး လူတော်တော်များများ ကူးစက်ခံထားရပါတယ်။ အသက်ဆုံးရှုံးမှုတွေလည်းဖြစ်ပွားနေခဲ့ပြီး ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြရတဲ့အခြေအနေပါ။
ပြီးခဲ့တဲ့ရက်ပိုင်းလောက်က နန်းမြတ်ဖြိုးသင်းဟာ အောက်စီဂျင်အိုးအရေးပေါ်လိုအပ်လို့ အကူအညီေ တာင်းတဲ့ စာတစ်ချို့ လူမှုကွန်ယက်မှာရေးသားခဲ့ပြီးနောက် ပရိသတ်တွေကစိတ်ပူပြီး ဝိုင်းဝန်းမေးမြန်းကြတဲ့အချိန်မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူလိုအပ်နေတာဖြစ်ကြောင်း ပြန်လည်ပြောပြလာခဲ့ပါတယ်။
စိတ်ပူကြတဲ့ပရိသတ်တွေဟာ အကျိုးအကြောင်းမေးမြန်းခဲ့ပြီး သူမတို့ကိုဂရုစိုက်ဖို့နဲ့ စိတ်ဓာတ် မကျဖို့ အားပေးစကားတွေပြောခဲ့ကြပါတယ်။ နန်းမြတ်ကလည်း ” သူငယ်ချင်း မိတ်ဆွေတွေ စိတ်ပူကြတာကျေးဇူးတင်ပါတယ် နန်းမြတ်ကိုယ်တိုင်လည်း P ယောက်ျားကိုလည်း အချိန်နဲ့အမျှ အရမ်းဂရုစိုက်ပြီးပြုစုရင်းအလုပ်ရှုပ်နေတာမို့ ဖုန်းတွေမဖြေနိုင်တာနားလည်ပေးကြပါနော် ကိုဗစ်ကိုတိုက် ထုတ်နေပါတယ်
အနိုင်ရရင်အသေးစိတ်ပြောပြပါမယ် ” ဆိုပြီး စိတ်ပူနေတဲ့သူတွေကို စိတ်မပူကြဖို့နဲ့ သူမတို့ ဂရုစိုက်နေကြောင်း ပြန်လည်ေြ ပာပြလာခဲ့ပါတယ်။နန်းမြတ်ကိုယ်တိုင်လည်းဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ကိုယ်တိုင်ရော ခင်ပွန်းဖြစ်သူကိုပါ သေချာဂရုတစိုက်ပြုစုနိုင်မှာပါ။ သူမကိုချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ ဂရုစိုက်ဖို့ အထပ်ထပ်အခါခါ မှာနေကြပါတယ်။
ဒီရောဂါကြီးကိုအေ ကာင်းဆုံးတိုက်ထုတ်နိုင်ခဲ့ပြီးရင် သူမတို့အောင်မြင်ခဲ့တဲ့ နည်းလမ်းကို အသေးစိတ်ပြောပြမယ်လို့လည်းပြောခဲ့ပါသေးတယ်။ အမြန်ဆုံး ပြန်လည်ကျန်းမာပြီး အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝလေးမှာ အချိန်အကြာကြီး အေးချမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Souerce: Nann Myat Phyo Thin’s FB Acc
Credit ; MMLoadmdatenews