Covid တတိယလှိုင်းမှာ ပြည်သူတွေရဲ့အသက်တွေတော်တော်များများ ဆုံးရှုံးခဲ့ရပါတယ်။ ပြည်သူတွေဟာ ကိုယ်ထူကိုယ်ထနည်းနဲ့ မိမိရဲ့အသက် မိသားစုရဲ့အသက်အတွက် ကြိုးစားရုန်းကန်နေကြရတာပါ။ လက်ရှိရောဂါအခြေအနေဟာ အောက်စီဂျင်ကျပြီး အသက်ဆုံးရှုံးရတာမျိုးဖြစ်တာကြောင့် အောက်စီဂျင်စက်တွေလှူဒါန်းပေးကြသူတွေလည်း အများအပြားရှိလာခဲ့ကြပါတယ်။ မေကဗျာဟာလည်း သူမကိုချစ်ခင်အားပေးခဲ့တဲ့ ပြည်သူလူထုအတွက် တတ်နိုင်တဲ့ဖက်က အကျိုးဖြစ်စေဖို့ရည်ရွယ်ပြီး Oxygen Concentrator 10 L တစ်လုံးကို ပဲခူးကလူမှုကူညီရေးအသင်းတစ်ခုကို လှူဒါန်းပေးခဲ့ပါတယ်။
လှူဒါန်းခဲ့တဲ့စက်ကလေးဟာ ဒီနေ့မှာတော့လူတစ်ယောက်ရဲ့အသက်ကို အချိန်မီကယ်တင်နိုင်ခဲ့တဲ့ အကြောင်းကို ” နေ့လည် စက်ရောက်ပြီးထဲက အိမ်ထဲမှာ ထည့်ထားတာ လိပ်ပြာမလုံ ဖြစ်ပြီး ဘယ်သူငှားမလဲစောင့်နေတာ ဖုန်းဆက်လာတဲ့သူတွေက စက်မလိုဘူး အရည်ပဲ ထည့်ချင်တာဆိုတော့ ဆက်မပြောတော့ဘူး သူတို့မှာရှုစရာ အိုးရှိသေးတယ်ဆိုပြီး အရည်မရနိုင်ပါဘူးဆိုပြီး ငြင်းထားတာ ၃ ယောက်မကဘူး ည (၁၀) နာရီ ကျော်မှာ ဖုန်းတစ်လုံးဝင်လာတယ် လူနာက Spo2 55 ပဲ ရှိတော့တယ် ။
အောက်စီဂျင်အိုးလေးကူညီပါတဲ့ ဟိုရောက်တော့ လူနာက ဟောဟဲစိုက် Spo2 တိုင်း ကားထဲရှိတဲ့ Facemask နဲ့ပိုက်ကိုယူ စက်မ ပြီး ဆင်းသွားတာ Facemask ပိုက်ဆိုပြီး ဖွင့်လိုက်တဲ့ အိတ်က RB ဖြစ်တော့ ပိုပြီး ဝမ်းသာသွားတယ် မမေကဗျာ လှူထားတဲ့ စက်က 10 L အပြည့်ပေးပြီး ခဏစောင့် ကြည့်တာ ချက်ချင်း ၈၅ ထိ တက်လာတယ်။
အားပေးစကားပြောပြီး မနက်ဆေးရုံသွားဖို့ သေချာမှာ အိမ်ပြန် အိပ်ယာထဲဝင် ဒီည လိပ်ပြာလုံစွာနဲ့ အိပ်လို့ရပြီပေါ့လေ စက်ကြီး အိမ်ထဲထားပြီး အပြင်မှာ လေ လိုနေသူအများကြီး ရှိနေတာ သိရတော့ လဲ လိပ်ပြာမလုံဘူးလေ။အခုတော့ အားနာစွာနဲ့ ငြင်းလို့ရသွားပြီ။ ” ဆိုပြီး ပရဟိတအဖွဲ့က အကျိုးဆောင်တစ်ယောက်က ပြောပြလာခဲ့ပါတယ်။
ဒီအကြောင်းလေးကို မေကဗျာက ” ကူညီခွင့်ရလို့အတိုင်းမသိကျေးဇူးတင်ပါတယ် သကျနွယ်ပရဟိတပဲခူးမှတာဝန်ရှိသူများအားလုံး မောင်လေးထွန်းကိုကို ပဲခူးသားလေးကိုလည်း ကျေးဇူးပါ လှူမဲ့ကိစ္စတိုင်အမြဲကူညီပေးလို့ ကဗျာတို့ကစက်ပဲလှူနိုင်တာပါ ခုလိုထိန်းသိမ်းပြီး အိမ်တိုင်ရာရောက် မသွားနိုင်လို့ သကျနွယ်ပရဟိတမှတာဝန်ရှိသူများလည်းအထူးကျေးဇူးပါ အန္တရာယ်ကင်းစွာဖြင့် အသက်တွေအများကြီးကယ်နိုင်ပါစေ??? ” ဟုဆိုကာ သူမရဲ့လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။ သာဓုပါကဗျာရေ ဒီထက်မကတဲ့လှူဒါန်းမှုတွေ ဆက်လုပ်နိုင်ပါစေ။
CRD:MMLoadmdatenews
mdatenews