နွေဦးတော်လှန်ရေးမှာ ပါဝင်ဆန္ဒပြခဲ့ပေမယ့်လည်း အဖမ်းမခံရတဲ့အကြောင်းရင်းကို အမှန်တိုင်းဝန်ခံလိုက်တဲ့ ညီညီမောင်(စမ်းချောင်း)

 

 

ပရိသတ်ကြီးရေ သုသုလို့ အများက ခေါ်ကြတဲ့ မိတ်ကပ် ညီညီမောင်ကတော့ အမေစုကို ချစ်ခင်သူတစ်ဦးပီပီနွေဦးတော်လှန်ရေးအစပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်နော်။ စစ်ကောင်စီမှ ဆန္ဒထုတ်ဖော်တဲ့

အနုပညာရှင်တွေကိုဖမ်းဆီးအရေးယူတဲ့အခါမှာတော့ သုသုတစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်နော်။ စစ်ကောင်စီကကျင်းပတဲ့ သင်္ကြန်ပွဲကို သွားရောက်ခဲ့တဲ့ ဓာတ်ပုံတွေ လိုင်းပေါ်မှာ ပလူပျံခဲ့စဉ်က လက်ရှိရိုက်ထားတာမဟုတ်ကြောင်း အသေအလဲ ငြင်းဆန်ခဲ့သူပါနော်။

 

 

မကြာခင်မှာပဲ အမှန်တရားပေါ်ထွက်လာတဲ့အတွက် ဘယ်လိုမှ ငြင်းမရတော့ဘဲ ဝန်ခံလိုက်ရပါတယ်နော်။ ပုံမှန်အတိုင်း နေထိုင်စားသောက်ရင်း အခုချိန်ကျမှ ကိုဗစ်ရောဂါအတွက် လိုအပ်တဲ့ အကူအညီတွေ လှူဒါန်းရင်းလူဝင်ဆံ့လာအောင် ကြိုးစားနေပါပြီနော်။ ” ဆန္ဒတွေပြပြီး အဖမ်းလည်း မခံရဘူးနော်“ဆိုတဲ့ comment တစ်ခုကြောင့် အရှိုက်ထိသွားပြီး ပြန်ဖြေရှင်းလာခဲ့ပါတယ်နော်။

 

 

“ ခံဝန်ထိုးရပါတယ် အဖမ်းမခံနိုင်လို့ သင်္ကြန်သွားရပါတယ်။ ခုချိန်ထိ ကျွန်မကြောင့် ဘယ်သူမှ ဒုက္ခမရောက်သေးပါဘူး ဘယ်သူမှ ထောင်မကျပါဘူး ဒါ့ကြောင့် အပြင်မှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးလို့ ရနေပါတယ်။

 

 

” ၊ ” ဘယ်သူက အဖမ်းခံချင်မှာလဲ ခုအပြင်မှာနေရလို့ ကူညီနိုင်တာလေး ကူညီလို့ရတယ်လေ နိုင်ငံရေးကိုယ်ကျိုးမဖက်ဘဲ လုပ်နေသူတွေကို အရမ်းလေးစားပါတယ်။ ဖေ့ဘုတ်ပေါ် ဖရိုဖိုင် လော့ချပြီး လိုက်အော်နေတဲ့လူတစ်ချို့ကိုတော့ အရမ်းရွံတယ် ” လို့ ပြန်ပြောထားပါတယ်နော်။

Creditmdatenews

mdatenews