ဖခင်ဖြစ်သူခံစားခဲ့ရတဲ့ မာယာများလွန်းတဲ့ ကိုဗစ်ရောဂါလက္ခဏာအကြောင်းပြောပြလာခဲ့တဲ့ ညီနန္ဒ

 

ကျွန်တော်သေချာ ချော့ပြောတော့မှ လက်ခံတယ်… ကျွန်တော်ပြောတာကို အဖေ ၃ရက်ပဲနားထောင်ခဲ့တယ်… (၂၄.၇.၂၁) မနက် ရေထပ်ချိးတယ်… (၂၅.၇.၂၁) နေ့လည်မှာတော့ အဖေ အောက်ဆီဂျင် ၆၅ အထိကျပြီး အသည်းအသန်ဖြစ်တဲ့အခြေအနေရောက်ခဲ့တယ်

 

 

ကျွန်တော်ဖုန်းဆက်ပြီး အကူအညီတွေလိုက်တောင်းတော့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ရဲ့လမ်းညွှန်မှုကြောင့် ဆရာဝန်မကြီးတစ်ယောက်နဲ့ ကိုဝေဠုကျော်တိုရဲ့အကူအညီနဲ့ အဖေ့ကို အောက်ဆီဂျင်လုံးဝမပျက်အောင်ထားနိုင်ခဲ့တယ်… (၂၅.၇.၂၁) တစ်ညလုံး (၂၆.၇.၂၁) အထိ အောက်ဆီဂျင်အဆက်မပျက်ပေးနိုင်ခဲ့လို သက်သာသွားပြီလို ကျွန်တော်တိုယူဆခဲ့တယ်

 

ဒီရောဂါကြီးက အရမ်းမာယာများတယ်… (၂၇.၇.၂၁) မှာ အဖေက အောက်ဆီဂျင်ပိုက်အတပ်မခံတဲ့အထိ စိတ်အလိုမကျတွေဖြစ်ပြီးဒေါသတွေကြီးခဲ့တယ်… ဘာမှလည်းကျွေးလိုမရတော့ဘူး… တစ်သက်လုံးအရမ်းကျန်းမာခဲ့တဲ့အဖေက အခုလိုအိပ်ယာထဲမှာအောက်ဆီဂျင်ပိုက်တပ်ထားရတဲ့အနေအထားကို ဘယ်လိုမှလက်မခံနိုင်ဘူးဖြစ်နေခဲ့တယ်… ကျွန်တော်ကတော့ အဖေရေချိးမှားသွားတယ်လိုထင်ပါတယ်

 

 

(၂၉.၇.၂၁) မှာတော့ အောက်ဆီဂျင် ၆၀ လောက်အထိကျပြီး အဖေ့အသိစိတ်တွေ မတည်မငြိမ်ဖြစ်ခဲ့ရတယ်… V call နဲ့ ခေါ်ပြီးစကားပြောနေတဲ့ကျွန်တော့ကိုတောင် မမှတ်မိတော့ပဲ ည ၇:၃၁ မှာ အဖေဆုံးသွားခဲ့တယ်

 

 

အမေက အခုဆို လည်ချောင်းလေး နည်းနည်းယားတာလောက်ပဲရှိပါတော့တယ်… အမေ့ကို အကောင်းဆုံးလည်းဂရုစိုက်နေပါတယ်… ကျွန်တော်တိုပြည်သူတွေ ကျွန်တော့အမေလို အထူးဂရုစိုက်ခြင်းဖြင့် ဒီကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်စေဖို မေတ္တာဖြင့်မျှဝေပေးလိုက်ပါတယ်

CRD:Celebrity Platformmdatenews

mdatenews