အဖမ်းအဆီးခံထားရတဲ့အကယ်ဒမီကိုလူမင်းအတွက်မွေးနေ့ဆုတောင်းစကားပြောပေးလာတဲ့ခိုင်သင်းကြည်






crd : (Cele Posts)

ယူနီကုတ်​ဖြင့်​ဖတ်​ရန်
အဖမ်းအဆီးခံထားရတဲ့အကယ်ဒမီကိုလူမင်းအတွက်မွေးနေ့ဆုတောင်းစကားပြောပေးလာတဲ့ခိုင်သင်းကြည်

မင်္ဂလာပါပရိသတ်ကြီးရေ.ဒီကနေ့ဟာဆိုရင် အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားခဲ့တဲ့နိုင်ငံကျော်မင်းသားကြီးလူမင်းရဲ့ အသက်(၅၁)ပြည့်မွေးနေ့ရက်မြတ်ပဲဖြစ်ပါတယ်နော်။

လူမင်းဟာဆိုရင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။မွေးနေ့အမှတ်တရရက်မှာ မိသားစုနဲ့အတူရှိမနေလို့အနုပညာရှင်များနဲ့ပြည်သူအားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်နော်။

ယခုဆိုရင်တော့ အနုပညာမောင်နှမတွေဖြစ်တဲ့ အောင်မြင်မှုတွေကို များစွာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးခိုင်သင်းကြည် ကလည်း လူမင်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်း ပေးရင်း အန်ကယ်လေး အမြန်ဆုံးလွတ်မြောက်ရန် ဆုတေင်းမေတ္တတွေ ပို့သပေးခဲ့ပါတယ်။

ခိုင်သင်းကြည်က” Happy Birthday အန်ကယ်လေး နေကောင်းကျန်းမာ ပါစေ နောက်မွေးနေ့တိုင်းမှာ အခုလိုမိသားစုနဲ့ ဝေးကွာနေရတဲ့အဖြစ်မျိုး ဘယ်တော့မှာမကြုံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော်”ဆိုပြီး သူမရဲ့ဖေ့ဘွတ်storyမှာ ရေးသားတင်ပြထားပါတယ်။

လူမင်းအတွက်ပြည်သူပြည်သားအားလုံးကလည်းမေတ္တာတွေနဲ့ ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။အန်ကယ်လေးတစ်ယောက် အချုပ်အနှောင်တွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနဲ့အတူအမြန်ဆုံးပြန်လည် ဆုံဆည်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source : Khine Thin Kyi’s fb
crd : (Cele Posts)