ပရိတ်သတ်ကြီးရေ…သရုပ်ဆောင် မင်းသမီးကြီး သိင်္ဂီထွန်းကတော့ ပြင်ဦးလွင်မြို့တွင် လွန်ခဲ့တဲ့ တစ်လလောက်က သာသနာ့ဘောင်သို့ ဝင်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ကိုဗစ်ရောဂါခံစားနေရသူများကို မကြည့်ရက်တဲ့အတွက် တတ်နိုင်သလောက် ကူညီပေးနေတာ ဖြစ်ပါတယ်။ရှားစောင်းလက်ပတ်ပင်၊ ရှင်သီဝရိဂမုန်းပင်၊နဂါးဆက်ပင်တွေဟာအောက်ဆီဂျင်ရတဲ့ဆိုတဲ့အတွက် သူမရဲ့အိမ်အနောက်မှာ စိုက်ထားတဲ့ အပင်တွေကို မျိုးပွားဖို့ သီလရှင်ဝတ်ကြီးနဲ့လုပ်နေတာကို မသင့်တော်ကြောင်း ပြောကြတဲ့အတွက် လူဝတ်လဲခဲ့ရတာ ဖြစ်ပါတယ်။
ချက်ချင်း စီစဉ်လိုက်ရတာကြောင့် သိက္ခာမချလိုက်ရပဲ လူဝတ်လဲပြီး ပြင်ဦးလွင်မှာရှိတဲ့ ဆိုင်ကြီးဆိုင် ငယ်တွေကို ရုပ်ဖျက်ပြီး ဈေးဝယ်ပေးခဲ့ရပုံတွေကို မကြာသေးခင် နာရီပိုင်းလောက်က သိင်္ဂီထွန်းရဲ့ လူမှုကွန်ယက်မှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။သိင်္ဂီထွန်းကတော့ ရန်ကုန်မှာ လောဘသားတွေကြောင့် ဈေးကြီးပြီး ဝယ်မရတာတွေကို
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဆေးနဲ့ အာဟာရဖြည့်စွက်စာတွေ ပြင်ဦးလွင်တွင် လိုက်ဝယ်ပေးနေတာ ဖြစ်ပါတယ်။ လက်ထဲမှာ ငွေသားပြတ်တဲ့အထိ ကိုယ်တိုင်ဝယ်ယူပြီး ကုသိုလ်ပြုရတဲ့အတွက် ပီတိဖြစ်နေကြောင်းကိုလည်း ရေးသားထားပါတယ်။ ရုပ်ဖျက်ပြီး ဆေးတွေအများကြီး လိုက်ဝယ်နေတာကြောင့် ပြန်ရောင်းစားမယ့်သူလို့အထင်ခံခဲ့ရတာတွေကိုလည်းအမှတ်တရအနေနဲ့ ပြောပြထား ပါသေးတယ်။
ပြင်ဦးလွင်နဲ့ ရန်ကုန်တွင် သူမကူညီပေးခဲ့တဲ့ လူနာတွေအကုန်လုံး သက်သာလာတဲ့အတွက်လည်း ဝမ်းသာကြည်နူးနေတာပါ။အောက်ဆီဂျင်စက်၊အောက်ဆီဂျင်အိုးနဲ့ အရည်များကိုလည်း လှူဒါန်းနိုင်ခဲ့ပြီး နောက်ထပ်ငွေသားများ လက်ထဲရလာပါ ထပ်မံလှူဒါန်းသွားမယ့်အကြောင်းကိုလည်း ဝမ်းသာစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။
လှူတန်းမှုများအား(၃၁) ဘုံ လူနတ်ဗြဟ္မာသတ္တဝါအားလုံး ကုသိုလ်ရကြပြီး ၂၇.၇.၂၀၂၁ ည (၁၂:၃၀) မိနစ်တွင် အောက်ဆီဂျင်အခက်အခဲမရှိဘဲ ညင်သာစွာ ဆုံးပါးသွားတဲ့သူမရဲ့ ဘဘလည်း ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် သိင်္ဂီထွန်းတစ်ယောက် လိုအပ်နေသူများကို ဒီ့ထက်မက ပိုမိုလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Credit; MMLoadmdatenews