လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းကို ပြည်သူအတော်များများ ကူးစက်ခံနေရပြီး ဒီရက်ပိုင်းအတွင်းမှာပဲ အနုပညာရှင်တချို့နဲ့ သူတို့ရဲ့မိသားစု၀င်တွေလည်း ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြတာကို စိတ်မကောင်းစွာနဲ့ တွေ့မြင်နေရပါတယ်။
ယနေ့မှာလည်း မြန်မာပရိသတ်အတော်များများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့်အနုပညာရှင်ကြီး ဦးခိုင်တင်တစ်ယောက်လည်း ထပ်မံကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်.။ဦးခိုင်တင်ဟာ မြန်မာဗီဒီယိုဇာတ်ကားခေတ်တည်းက ဇာတ်လမ်းအတော်တော်များများမှာပါ၀င်ခဲ့တဲ့သူဖြစ်ပြီး စွယ်စုံရဝါရင့်အနုပညာရှင်ကြီးဖြစ်ပါတယ်။
ဒါ့ပြင်ဦးခိုင်တင်ဟာ ပန်းချီအနုပညာရှင်ကြီး တစ်ယောက်လည်းဖြစ်ပြီး အခုလို ရုတ်တရတ်ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာအသိုင်းအဝိုင်းကသူတွေရော ပန်းချီအနုပညာအသိုင်းအဝိုင်းကသူတွေပါ နှမြောတသဖြစ်နေကြရတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဦးခိုင်တင်တစ်ယောက် မည်သည့်ရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်ဆိုတာတော့ တိတိကျကျမသိရသေးပေမယ့် နီးစပ်ရာအသိုင်းအဝိုင်းရဲ့ ပြောကြားချက်အရ ကွယ်လွန်သွားခဲ့ပြီဆိုတာပဲ သိရှိရပါတယ်။ ဦးခိုင်တင်ဟာ အသက် ၆၈နှစ်ရှိပြီဖြစ်ပြီး တကယ်ကိုအနုပညာအရည်အချင်း ပြည့်၀ခဲ့တဲ့သူတစ်ယောက်ပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
CRD:MMLoadmdatenews