မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့် ပုဒ်မ (၅၀၅)က ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
ပိုင်တံခွန်ဖမ်းဆီးခံထားရတဲ့အတွက် မိသားစုတွေအပြင် အားလုံးကစိုးရိမ်ပူပန်နေကြရပြီး မိခင်ဖြစ်သူကလည်း သားစိတ်နဲ့ ကျန်းမာရေးမကောင်းဖြစ်နေသလို လက်ရှိမှာလည်း ကိုဗစ်ရောဂါကူးစက်ခံထားတာပါ။
ဇူလိုင်လ(၂၉)ရက်နေ့မှာတော့ ပိုင်တံခွန်ရဲ့ မိခင်ကြီးအတွက် အရေးတကြီး ဆေးလိုအပ်နေကြောင်းကို အစ်မဖြစ်သူက ပြောပြလာခဲ့ပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အကူအညီတောင်းခံထားတာ တွေ့ရပါတယ်။
အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ရောဂါဝေဒနာကို အလူးအလဲခံစားနေရတဲ့ ပိုင်တံခွန်ရဲ့မိခင်ကြီးကိုကြည့်ပြီး အဆိုတော်မီးနိုကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်။
မီးနိုကတော့ ရောဂါရဲ့ဖိစီးမှုတွေကို ခံစားနေရရှာတဲ့ ပိုင်တံခွန်မိခင်ကြီးရဲ့အဖြစ်ကိုကြည့်ပြီး ဝမ်းနည်းစွာငိုကြွေးခဲ့ရပြီး အမြန်ဆုံးနေကောင်းလာစေဖို့ကိုလည်း ဝိုင်းဝန်းဆုတောင်းပေးကြဖို့ ပြောပြထားပါသေးတယ်။
မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဘေးမှာ မရှိနိုင်ရှာတဲ့ သားလိမ္မာလေး ပိုင်တံခွန်အတွက် စိတ်မကောင်းရသလို မိခင်ဖြစ်သူ နေကောင်းကျန်းမာစေဖို့ကိုလည်း ပရိသတ်တွေက ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။
CRD:celepidiamdatenews
mdatenews