ကိုဗစ်ကြောင့် အောက်စီဂျင်ကျကာ သေဆုံးသွားခဲ့တဲ့ သရုပ်ဆောင် ညီနန္ဒရဲ့ဖခင်

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ နှစ်ပေါင်းများစွာ တိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒ ကိုသိကြမယ်ထင်ပါတယ်။ သူကတော့ လတ်တလောမှာဆိုရင် ပုဒ်မ (၅၀၅ – က) နဲ့ တရားစွဲဆို ခံထားရတာကြောင့် လွတ်မြောက် ရာကို ထွက်ပြေး တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

 

 

 

မကြာခင်နာရီပိုင်းလောက်က ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို ပုံလေးနဲ့ တကွ ရေးသားဖော်ပြထားခဲ့ပါတယ်။ ဖခင်ဖြစ် သူမှာ အောက်ဆီဂျင်တွေ ၆၀ အထိ ထိုးကျနေပြီး အနားမှာ ပြုစုခွင့်မရတာကြောင့် အဝေးကနေ စိတ်ပူပန်နေကြာတာလည်းဖြစ်ပါတယ်။

 

 

ဒီလိုတင်ပြီး ခဏမှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း စိတ်မကောင်းစွာဝေမျှလာပါတယ်။ ” ဒီတစ်ခါ ကျွန်တော့အလှည့် ကျွန်တော့အဖေ ည ၇:၃၁ မှာ ဆုံးပြီ ” ဟုရေးသားဖော်ပြထားရာ ထပ်တူ ဝမ်းနည်းမိတာကြောင့်

 

 

ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးရင်း ညီနန္ဒရဲ့ ဖခင်လည်း ကောင်းရာ သုဂတိ လားပါစေ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

 

Credit – Cele Zonemdatenews

mdatenews