သမီးလေးကိုအရမ်းလွမ်းနေကြောင်းရင်ဖွင့်လာတဲ့ ပိုင်ဖြိုးသုရဲ့မိခင်

 

သရုပ်ဆောင်ပိုင်ဖြိုးသုကပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။

 

 

ပိုင်ဖြိုးသုကဒါရိုက်တာဏကြီးနဲ့လက်ထက်ထိမ်းမြားထားပြီးတော့သာယာပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။

 

 

ပိုင်ဖြိုးသုကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ခံရထားပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်၊တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲလူမှူကွန်ယက်ကနေပြည်သူများအတွက်ခွန်အားဖြစ်စေမယ့်စာသားတွေကိုရေးသားဖော်ပြလေ့ရှိပါတယ်။

 

 

တိမ်းရှောင်နေရတာကြောင့်မိခင်ဖြစ်သူကပိုင်ဖြိုးသုကိုလွမ်းတဲ့အကြောင်းလေးကိုအခုလိုပြောကြားလာပါတယ်၊လွမ်းလိုက်တာသမီးလေးရယ်ဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်ထက်မှာရေးသားဖော်ပြထားပါတယ်။

 

 

ပိုင်ဖြိုးသုတို့မိသားစုများသာမကခွဲခွာနေရတဲ့မိသားစုအားလုံးလဲပြန်လည်ဆုံးဆည်းနိုင်ပြီးတော့မတရားဖမ်းဆီထားတဲ့သူတွေအားလုံးအမြန်ဆုံးပြန်လွှတ်ပြီးအေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါပရိတသ်တ်ကြီးရေ။

 

 

Credit: Celebrity Platformmdatenews

mdatenews