အဖေနဲ့ အမေ ရောဂါကပ်ဆိုးကြီးကို အနိုင်တိုက်လိုက်နိုင်ပါပြီ။အခု အောက်စီဂျင်လည်းမကျတော့ဘူး ခေါင်းလည်းမကိုက်တော့ဘူး ။အစားလည်းအရင်လိုပြန်စားနိုင်ပါပြီ။အရေးကြီးဆုံးက “စိတ်ဓာတ်ခွန်အားပါ”
ဒီရောဂါက စိတ်အားလျှော့လိုက်တာနဲ့ဂိမှာပါ။အဖေရောအမေရောကို အချိန်တိုင်းပျော်အောင်ထားတယ် ။အစာနဲ့ဆေးကိုအချိန်မှန်အောင်ကျွေးတယ် တိုက်တယ်။မစားချင်လည်း မရရအောင်ကျွေးတယ်(သားကိုချစ်ရင်စားတို့ဘာတို့ ငယ်ငယ်ကသူတို့လုပ်တဲ့အကွက်တွေ)
အဆိုးဆုံးအခြေအနေကို ၅ရက် တစ်ပတ်တော့ အနည်းဆုံးကျော်ဖြတ်ခဲ့ရပါတယ်။စိတ်ခွန်အား အစာအဟာရနဲ့ဆေးပုံမှန်တိုက်တာကြောင့် နှစ်ပတ်ကျော်တဲ့အချိန်မှာ ပုံမှန်အတိုင်းပြန်စားနိုင်အိပ်နိုင်လာပါတယ် ချောင်းဆိုးတာတော့ကျန်နေပါသေးတယ် ။
ကျတော် အဆင်မပြေတဲ့အချိန်မှာ စာလေးနဲ့ဖုန်းလေးနဲ့ပဲဖြစ်ဖြစ် အစစအရာရာကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ။ဘယ်တော့မှမမေ့ပါဘူးဗျာ”လို့ သရုပ်ဆောင်ထက်အောင်ရှိုင်းကပြောပြထားပါတယ် ။
CRD:myanmarcelebritytvclubmdatenews
mdatenews