မနက်ဖြန်ည ဇူလိုင်၃၀ရက်နေ့ အောင်လအန်ဆန် ပွဲရှိတယ်

 

မနက်ဖြန် ဇူလိုင်၃၀ရက်နေ့ည အောင်လအန်ဆန်ကို အားပေးကြရအောင်”ဇူလိုင် ၃၀ရက်နေ့ ည ၈နာရီခန့်မှာ အောင်လအန်ဆန် နဲ့ လီရန်ဒရို အတိုင်းဒတ်စ် ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။ နိုင်တဲ့သူက ရိုင်နီယာဆီက ချန်ပီယံခါးပတ်ကို ပြန်စိန်ခေါ်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။

 

 

“ဒီပွဲဟာ ကျနော့်အတွက် ဖန်တီးမလား (ဒါမှမဟုတ်) ရိုက်ချိုးမလား တစ်ခုခုပဲ ။ ဒါပေမယ့် ကျနော်အလုပ်ကို ကျနော် အားထည့်ထားပြီးပြီဆိုတာ နားလည် မိပါတယ်။ ကျနော့်အသင်းအတွက် ကျနော် ယုံကြည်တယ်။

 

 

သူတို့က ကျနော့်ကို ကောင်းကောင်းသင်ပေး၊ လေ့ကျင်ပေးတယ်။ အခု ရင်ဆိုင်တွေ့ဆုံမှုမှာ ထိပ်ဆုံး ကို ရောက်လိမ့်မယ်လို့ ကျနော် ယုံကြည်ချက် ခိုင်ခိုင်မာမာရှိနေပါတယ်။မြန်မာပြည်သူတွေအတွက်ဒီပွဲကို အနိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။

 

ဆုံးရှုံးခဲ့ရတဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံရွှေခါးပတ်ကို ပြန်လည်ရယူဖို့အတွက်ဒီပွဲကိုမဖြစ်မနေအနိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ကျွန်တော်အရမ်းချစ်ရတဲ့ မြန်မာပြည်ကပရိတ်သတ်တွေ ပျော်ရွှင်စေဖို့အတွက်အစွမ်းကုန်ကြိုးစားသွားပါမယ်။”လို့ အောင်လက Asean MMA Interview မှာပြောသွားခဲ့ပါတယ်။

 

CRD:36Myanmarmdatenews

mdatenews