ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး ၁လတိတိ ဆီမီးမငြိမ်း၊ဆွမ်းကုသိုလ်တို့ဖြင့် ဘက်စုံကုသိုလ်တွေပြုပေးခဲ့တဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ရွှေရည်သိန်းတန်ကတော့ ဒီနေ့မှာ ခင်ပွန်းဖြစ်သူအတွက် ရည်ရွယ်ပြီးကောင်းမှုကသြိုလ်တွေပြုလုပ်ပေးခဲ့ပါတယ်။ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးကွယ်လွန်သွားခဲ့တာ ဒီနေ့မှာတော့ (၃)လတိတိပြည့်သွားခဲ့တာပဲဖြစ်ပါတယ်။

 

 

ရွှေရည်သိန်းတန်ကတော့ ခင်ပွန်းဖြစ်သူအတွက်ရည်စူးပြီး နေတိုင်းလိုလို ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ပေးနေခဲ့ပြီး ဒီနေ့(၃)လပြည့်တဲ့ နေ့လေးမှာတော့ တရုတ်သွေးစပ်တဲ့ ခင်ပွန်းဖြစ်သူအတွက် တရုတ်ဘုံကျောင်းမှာ ကောင်းမှုကုသိုလ်တွေသွားရောက်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး (၁)လတိတိ ဆီမီးမငြိမ်း.ဆွမ်းကုသိုလ်တို့ဖြင့်ဘက်စုံထောင့်စုံက ကုသိုလ်တွေပြုလုပ်ပေးခဲ့တာဖြစ်ပြီး

 

 

 

 

ခင်ပွန်းဖြစ်သူရောက်ရာဘုံဘဝကနေ ထပ်တူကုသိုလ်တွေရရှိပြီး ပြည့်စုံပါစေလို့လည်း ဆုတောင်းထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ကွယ်လွန်သွားသည့်တိုင် ခင်ပွန်းဖြစ်သူအပေါ်သစ္စာမေတ္တာမပျက်ဘဲ ခင်ပွန်းဖြစ်သူကောင်းရာဘုံဘဝရောက်စေဖို့ ကောင်းမှုတွေမပြတ်တမ်းပြုလုပ်ပေးနေတဲ့ ရွှေရည်သိန်းတန်ကတော့ ဇနီးကောင်းတစ်ယောက်လို့တောင်ဆိုရမှာပါနော်။

 

 

 

 

CRD:Cele Zonemdatenewsmdatenews