ဖခင်ကြီး ကွယ်လွန်တာ (၃) လပြည့်သည်အထိ ဘာမှမလုပ်ပေးနိုင်လို့ ယူကျုံးမရ ဖြစ်နေရတဲ့ ခံစားချက်တွေကို အဝေးကနေ ရင်ဖွင့်လာတဲ့ ထားထက်ထက်

ထားထက်ထက်ကတော့ ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့ရုံသာမကဘဲ လှူဒါန်းမှုတွေလည်း ပါဝင်အားဖြည့် လုပ်ဆောင်ပေးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ဒီလိုတွေ အင်တိုက်အားတိုက် ပါဝင်ခဲ့တာကြောင့်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံထားရပြီး အခုဆိုရင် အဝေးတစ်နေရာက လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဖြစ်ပါတယ် ။

 

 

ဒီနေ့မှာတော့ ထားထက်ထက်က ချစ်ရတဲ့ ဖခင်နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ တစ်ခုကို ရေးသားဝေမျှလာပါတယ် ။ သူအနေနဲ့ အဝေးကိုရောက်နေတာကြောင့် ဖခင်ဖြစ်သူ ကွယ်လွန်ချိန်မှာလည်း အနားမှာ မရှိခဲ့ရသလို ဖခင်အတွက်ရည်းစူးပြီးလည်း ကောင်းမှုတွေ အနီးကပ် ကိုယ်တိုင် မလုပ်ပေးနိုင်လို့ အတော်လေး စိတ်မကောင်းဖြစ်နေရှာတာပါ ။

 

ယနေ့ ဖခင်ကြီး ကွယ်လွန်တာ (၃) လပြည့်တဲ့ နေ့မှာတော့ သူမရဲ့ ရင်တွင်းခံစားချက်တွေကို ခုလိုရေးသားဖော်ပြလာပါတယ် ။ ” ၃ လတောင်ရှိပြီ ဖေဖေ 😢နေ့တိုင်းပဲ ပိုပို သတိရမိတယ်…ဖေဖေဆုံးတုန်းကလဲ သမီးဘာမှမတတ်နိုင် ဘာမှမလုပ်နိုင်ခဲ့ဘူး …၁ လပြည့်တော့လဲ ဘာမှမလုပ်နိုင်…၂ လပြည့်လဲ ဘာမှမလုပ်နိုင်ခဲ့…အခု ၃ လပြည့်လဲ သမီးဘာမှမလုပ်နိုင်ပြန်ဘူး ဖေ…မိသားစုဝင်တွေနဲ့ နီးစပ်ရာ ချစ်ခင်သူတွေရဲ့ အဖေ့အတွက် ရည်စူးတဲ့ အလှူတွေကိုပဲ အမျှဝေ သာဓုခေါ်နိုင်ပါတယ်…ဝမ်းနည်းရတယ်…စိတ်တွေ သိပ်ပင်ပန်း နွမ်းနယ်လာလေ ဖေ့ကို ပိုပိုသတိရ လွမ်းမိလေပါပဲ…သမီးလျှောက်နေရတဲ့ ခရီးက နဲနဲရှည်တော့ လမ်းမှာ လဲကျတာတော့ ခဏ ခဏပဲ

 

 

ကိုယ်တိုင် ခြေချော်လဲလို့ လဲကျတာနဲ့ ၊ အခြားအရာတွေနဲ့ တိုက်မိလို့ ချော်လဲတာနဲ့ ၊ လဲကျစေတဲ့ အရာတွေနဲ့တွေ့လို့ လဲကျရတာနဲ့ မျိုးစုံပါပဲ ဖေရယ်…ဖေ့ရဲ့ ဆုံးမ စကားတခုကို အမြဲ မှတ်သားထားပါတယ်…အလုပ်တခုကို မလုပ်ချင်ရင် အစကတည်းက ဘာမှမလုပ်နဲ့ …အေး လုပ်ပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲပဲ တွေ့တွေ့  နောက်မဆုတ်နဲ့ အကောင်းဆုံးနဲ့ အဆုံးထိ လုပ်… အလုပ်တိုင်းမှာ အခက်အခဲဆိုတာ ရှိတာပဲ… အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှ တကယ်အရည်အချင်းရှိသူဖြစ်မှာတဲ့…သမီးကြိုးစားနိုင်တာထက် ပိုကြိုးစားနေပါတယ်…အတိုင်းမသိအောင်လွမ်းရပါတယ် ဖေရယ်…” ရေးသားထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း ထားထက်ထက်လည်း အမြန်မိသားစုနဲ့ ပြန်ဆုံနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ။