မွေးကာစ ကလေးငယ်လေး တစ်ဦး လမ်းမှာ စွန့်ပစ်ခံရကြောင်း သိသိချင်းမှာပဲ သူမရဲ့ဂေဟာမှာ မွေးစား စောင့်ရှောက်ပေးဖို့ကို ဆုံးဖြတ်ခဲ့တဲ့ ခိုင်နှင်းဝေ

 

ဒီရက်ပိုင်းမှာဆိုရင် ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေက အကြောင်း မျိုးမျိုးကြောင့် စွန်းပစ်ခံနေရတဲ့ ကလေးများကို သူမရဲ့ ဂေဟာမှာ တရားဝင် ခေါ်ယူ မွေးစားစောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ် ။ စွန့်ပစ်ခံ ကလေးလေးတွေ ခမျာ လသားအရွယ်တွေ ပါသလို မသန်စွမ်းတာတွေ ရောဂါ ဝေဒနာ ခံစားနေရသူတွေတောင် ပါနေတာ စိတ်မကောင်းစရာပါ ။

 

 

ခိုင်နှင်းဝေကတော့ ဘယ်လို ပုံစုံ ကလေးမျိုးပဲ ဖြစ်နေပါစေ ကိုယ့်သားသမီး အရင်းလို သဘောထားပြီး မိခင်ရင်း သဖွယ် နွေးထွေးတဲ့ မေတ္တာ တရားတွေနဲ့ စောင့်ရှောက်ပေးနေတာ လေးစားစရာပါ ။အခုလည်း ရန်ကင်း (၈)ရပ်ကွက်၊မ ဉ္ဓူ (၂)လမ်း ထဲမှာ မွေးကာစ သားငယ်လေး တစ်ယောက် စွန့်ပစ်သွားကြောင်းကို ရပ်ကွက် လူများ က သူမဆီကို အကြောင်းကြားလာတာကြောင့် ချက်ချင်းမွေးစားဖြစ်ခဲ့ကြောင်းဖော်ပြလာပါတယ် ။

 

 

ကလေးရဲ့ ပုံတွေနဲ့ အတူ ” ရန်ကင်း (၈)ရပ်ကွက်၊မ ဉ္ဓူ (၂)လမ်း ထဲမှာ မွေးကာစ သားငယ်လေး တစ်ယောက် စွန့်ပစ်သွားကြောင်း ရပ်ကွက်မှ လူများ အကြောင်းကြားလာပါတယ်ရှင်…စွန့်ပစ်တဲ့ မိဘများ စိတ်အေးချမ်းစွာ နေနိုင်ပြီး ကလေးအတွက် အဆင်ပြေပြီဖြစ်ကြောင်း အသိပေးရင်း သားလေးကို ညတွင်းချင်းပဲ ခေါ်ယူဖြစ်ပါတယ်ရှင်…” ဆိုတဲ့ စာလေးကို ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

 

 

CRD– Cele Zonemdatenews

mdatenews