ဒုက္ခဆင်းရဲခံပြီးတော်လှန်ရေးလုပ်နေတာ နောင်တရလားဆိုတဲ့ မေးခွန်းကို ပြတ်ပြတ်သားသား တုန့်ပြန်လိုက်တဲ့ မေဦး

 

လူချစ်လူခင်ပေါများပြီး အေးအေးဆေးဆေးနေထိုင်တတ်တဲ့ ထိပ်တန်းမိတ်ကပ်ပညာရှင် မေဦးကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်ပေးခဲ့ပြီး တက်ကြွစွာ ပါဝင်ပေးခဲ့သူပဲဖြစ်ပါတယ်။ ဒီလိုပါဝင်ခဲ့ရင်း ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကြတဲ့ မေဦးကတော့ လက်ရှိမှာ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရတာကြောင့် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ခေတ္တတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

 

 

လွတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့်လည်း မေဦးကတော့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေ အားမလျော့စေဖို့အတွက် အမြဲအားပေးနေတာလည်း တွေ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောထဲကို ရောက်နေပေမယ့်လည်း ချစ်တဲ့သူတွေအတွက်

 

 

 

မကြာခဏ သူ့ရဲ့လှုပ်ရှားမှုလေးတွေကို ဖော်ပြပေးတတ်တာ တွေ့ရပါတယ်။ယခုမှာလည်း အမှန်တရားဘက်မှာ ရပ်တည်နေတဲ့ မေဦးကတော့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေမျိုးမှာ နောင်တရလားဆိုတဲ့ မေးခွန်းလေးတစ်ခုကို ဖြေကြားလာတာ တွေ့ရပါတယ်။မေဦးရဲ့ လေးစားစရာ ဖြေကြားချက်လေးမှာ ” နောင်တရလားမေးလာရင် လုံးဝနောင်တမရပါဘူး

 

 

ယခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကနေပြီး ကိုယ်မသိသေးတဲ့ အရာတွေကိုသင်ယူလိုက်နိုင်ရတယ် ရိုးသားပြီးလူသားဆန်တဲ့ကရင်လူမျိုးတွေနဲ့ မိသားစုဖြစ်ခွင့်ရခဲ့တဲ့အပြင် Finally အမှန်တရားကိုအရင်ထက် မြတ်နိုးပြီး အမှန်တရားဘက်မှာ ရပ်ခွင့်ရတဲ့ လူသားဖြစ်ခွင့်ရခဲ့တယ်ဟုတ်ကဲ့ ကျွန်တော်ဘယ်တော့မှနောင်တမရပါဘူး”ဆိုတဲ့ ရဲရင့်ပြတ်သားတဲ့ သူရဲ့ ခံယူချက်တွေကတော့ ဖွင့်ဟထားခဲ့တာပါ။ စိတ်ဓာတ်ပြင်းပြတဲ့ ခံယူချက်တွေနဲ့ မပြောင်းလဲသွားခဲ့တဲ့ မေဦးကိုတော့ ပရိသတ်တွေကလည်း အားပေးစကားတွေပြောပေးခဲ့ပါဦးနော်။

 

 

CRD:mdatenews

mdatenews