ခြေမသန်တဲ့ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့အဖွားကို ကူညီပေးလိုက်တဲ့ သရုပ်ဆောင်ရဲလေးမ

 

ရဲလေးမလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ စကားပြောဟန်တွေ၊နောက်ပြီး သူ့ရဲ့ဟာသပျက်လုံးတွေ၊သူရဲ့ကာရိုက်တာတွေပေါ်မှာ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကို မျက်ဝါးထင်ထင် ပရိတ်သတ်တို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

 

သူဟာ အနုပညာလောကမှာ အတိုင်းအတာတစ်ခုထိအောင်မြင်နေတဲ့သူတစ်ဦးဖြစ်သလို သူကိုယ်တိုင်ချက်တဲ့ရဲလေးမ မုန့်ဟင်းခါးကလည်း ပရိတ်သတ်များနဲ့အနုပညာရှင်များအကြားမှာရေပန်းစားပါတယ်။

 

 

ရဲလေးမဟာ အနုပညာချွေးနှဲစာကနေ သူတတ်နိုင်သမျှ လှူဒါန်းပေးနေသူတစ်ဦးပါ။ဒီတစ်ခေါက်မှာလည်း ရဲလေးမဟာ ခြေမသန်တဲ့ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့ အမေကြီးကို သူ့ရဲ့အနုပညာချွေးနှဲစာထဲကနေ တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

 

 

သူ့အနေနဲ့ နေ့သစ်တစ်ခုကို မင်္ဂလာလေးတစ်ခုနဲ့ စတင်လိုက်ရတာဖြစ်တဲ့အတွက် ကျေနပ်ပီတိဖြစ်နေပါတော့တယ်။ဒီအလှူဟာ ခုနှစ်ရက်သားသမီးတွေရဲ့ပိုက်ဆံဖြစ်တာကြောင့် ခုနှစ်ရက်သားသမီးအားလုံး သာဓုခေါ်ပါနော် ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို ပရိတ်သတ်တွေ ဝမ်းသာပီတိဖြစ်အောင် ပြန်လည်မျှဝေပေးလိုက်််ပါတယ်၊၊

 

 

CRD:MMLoadmdatenews

mdatenews