ပွဲတွေရပ်နားထားရလို့ ခက်ခဲနေရှာတဲ့ လူရွှင်တော် ဦးစံမိုးဆီကို သွားရောက်ကာ စာနာစိတ်ဖြင့် ကူညီမှုတွေပေးရင်း ပီတိဖြစ်စရာ အကြောင်းတွေကို ပြောပြလာတဲ့ မိုးစက်

 

လူရွှင်တော်မိုးစက်ကတော့ ခုလို ကျပ်တည်း ခက်ခဲနေတဲ့ ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ လက်လုပ်လက်စား ပြည်သူတွေနဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

 

 

မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။ အခုလည်း ပွဲတွေ နားထားရလို့ ခက်ခဲနေရှာတဲ့ လူရွှင်တော် ဦးစံမိုးဆီကို သွားရောက်ကာ ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ် ။

 

 

ဒီလိုသွားရောက် ရင်း ဦးစံမိုးကို စနောက်ဖြစ်ခဲ့တဲ့ ဟာသ အကြောင်းလေးကိုလည်း ” ရယ်လိုက်ရင် ချစ်စရာပိုကောင်းတဲ့ အသက်( ၇၅)နှစ်အရွယ် လူရွှင်တော်ကြီးဦးစံမိုးထံသို့။ဖေကြီးဖေကြီးနှာခေါင်းထိပ်က ပျားလိမ္မော်က ဘယ်တော့ထုပ်ရောင်းမှာလဲ??? “မရောင်းသေးဘူးကွာ…တစ်လုံးထဲဆိုတော့ ဈေးကောင်းမရဘူးကွ“😅အဲ့လို သူ့နှာခေါင်းကို ချစ်လို့စနောက်ကျတဲ့လူရွှင်တော်တွေထဲမှာ ကျွန်တော်လဲအပါအဝင်ပေါ့။

 

 

ဇရာထောင်းလို့ မျက်စိမှုန် နားထိုင်းနေပေမယ့်အနုပညာဇွဲအခုထိ မလျော့တဲ့ ဝမ်းစာအပြည့်ရှိသော လေးစားဖွယ်လူရွှင်တော်ကြီး တစ်ဦးပါဘဲ။ကျွန်တော်နဲ့အတူ ကိုဗစ်ကာလပွဲမနားခင်အချိန်အထိ #ရဲမိုးသဘင် မှာအနုပညာတာဝန် ထမ်းဆောင်ခဲ့ကြပါတယ်။အခုတော့ နားထားကြတယ်ပေါ့ဗျာ….။အသက်ကြီးပေမယ့် အနုပညာအလုပ်နဲ့ပက်သက်ရင် တတ်ကြွစွာ တာဝန်ထမ်းဆောင်ချင်သေးတဲ့ ဖေကြီးဦးစံမိုးအတွက် ၇၀၀၀၀ကျပ် ကန်တော့ခဲ့ပါတယ်။ ” ရေးသားထားရာ ပီတိဖြစ်စွာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

 

 

CRD– Cele Zonemdatenews

mdatenews