အမိုက်စားသီချင်းတွေကိုပရိသတ်တွေ ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့
အဆိုတော်လင်းလင်းကကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိထားပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဘဲဖြစ်ပါတယ်။
လင်းလင်းကတော့မင်းသမီးချောလေးချစ်သုဝေနဲ့ရွှေလက်တွဲခဲ့ပြီး
ချစ်စရာသမီးချောလေးအမွှာနှစ်ယောက်နဲ ့ပိုင်ဆိုင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပါသေးတယ်။
အဆိုတော်လင်းလင်းကတော့လုထူလှုပ်ရှားမှုကြီးမှာတတ်တတ်ကြွကြွပါဝင်ခဲ့သလို
CDMဝန်ထမ်းတွေအတွက်လည်းကူညီမှုတွေပြုလုပ်ပေးနေတဲ့ သူတစ်ယောက်ပါ။
ဒါကြောင့်မလို့လင်းလင်းကိုဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့အဆိုတော်တော်လင်းလင်းကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝမ်းနည်းစရာသတင်းပြောပြလာပါတယ်။
ဒါကတော့အဆိုတော်လင်းလင်းရဲ့ဖခင်ကွယ်လွန်သွားတာဘဲဖြစ်ပါတယ်။လင်းလင်းက
အဖေငြိမ်းချမ်းစွာအနားယူပါဆိုပြီးသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝမ်းနည်းစွာပြောပြလာတာဘဲဖြစ်ပါတယ်။
Creditmdatenews
mdatenews