ပရိသတ်တွေ အားပေးချစ်ခင်မှု များစွာရရှိထားတဲ့ တင်ဇာမော်ကတော့ မကြာခင်ရက်ပိုင်းက တစ်အိမ်လုံး ကိုဗစ်ရောဂါကို ခံစားနေရကြောင်း ပရိသတ်တွေကို အသိပေးပြောကြာ းခဲ့ပါတယ် ။ သူကိုယ်တိုင်လည်း ရောဂါဒဏ်ကို အလူးအလဲ ခံစားနေရတာကို တွေ့ရပါတယ် ။
မနေ့က ညပိုင်းလောက်မှာတော့ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို ဝေမျှလာပါတယ် ။ ဒါကတော့ မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတဲ့ အကြောင်းကို ကြေကွဲဝမ်းနည်းစွာ ပြောကြားလာပါတယ် ။ သူ့အနေနဲ့ အရမ်းချစ်ရတဲ့ မိခင်ကို ဆုံးရှုံးရလို့ ဖြေဆည်မရဖြစ်ကာ ရင်တွင်းခံစားချက်တွေ ကိုလည်း ဝေမျှထားပါသေ းတယ်။
” မေမေရေ…မေမေ့ကို သမီးသန့်ရှင်းရေးလုပ်ပေးမယ်နော်ဟယ် သမီးက မေမေ့ဒီနားလေးကနေထွက်လာတာနော်..ဟုတ်တယ်မို့လားမေမေ..ခုတော့ မေမေက သမီးရဲ့ ကလေးလေးနော် ပိုးလေးလိုမွေးထားရတာနော်
အားတင်းထားပေးနော်မေမေ…တစ်ကယ်တမ်းလက်တွေ့မှာ မေမေအရမ်းပင်ပန်းလှပါပြီ..အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဆရာ၊ဆရာမတွေ၊ အတတ်နိုင်ဆုံးကူညီပေး အားပေးခဲ့ကြတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊
ပရိသတ် များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် မေမေ ကောင်းရာဘုံဘဝမှာ အေးငြိမ်းချမ်းသာပါစေ ” ဆိုတဲ့ စာလေးဖြစ် ရာ ဖတ်ပြီး စိတ်မကောင်းမိသလို တင်ဇာမော် မေမေလည်း ကောင်းရာသုဂတိလာပါစေ ဆုတောင်းပေးလိုက်ပါ တယ် ။
Yuan – Cele Zonemdatenews
mdatenews