စိုးရိမ်ရတဲ့အခြေအနေကနေ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ကောင်းထက်ဇော်

အစီအစဉ်တိုင်းကို ပရိသတ်တွေ စိတ်ဝင်စားအောင် ဖန်တီးတင်ဆက်တတ်တဲ့အပြင် စကားပြောကောင်းပြီး ပွင့်လင်းမှုတွေကြောင့် အောင်မြင်မှုတွေ များစွာ ရရှိထားသူကတော့ အစီ အစဉ် တင်ဆက်သူ ကောင်းထက်ဇော်ပဲ ဖြစ်ပါတယ် ။

 

သူကတော့ မကြာခင်က ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးရုံတင်ရသည်အထိ အခြေအနေဆိုးရွားခဲ့ပါတယ် ။ အောက်ဆီဂျင်တွေလည်း ထိုးကျခဲ့တာကြောင့် နီးစပ်ရာ အနုပညာ အသိုင်းအဝိုင်း မိတ်ဆွေတွေက တစ်ဆင့် အောက်ဆီဂျင်အိုးတွေ ငှားပေးရသည်အထိပါပဲ ။

 

ဒီနေ့မှာတော့ ဆရာတော် အရှင်ပညာသီဟက ကောင်းထက်ဇော် နေကောင်းကျန်းမာနေပြီးဖြစ်ကြောင်း သူရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပုံလေးတွေနဲ့ တကွ သတင်းကောင်းလေး ဖော်ပြထားတာတွေ့ရပါတယ်။ပရိတ်ကြီးလည်း ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး သတင်းကောင်းလေးကို သိရှိနိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ် ။

 

 

Yuan – Cele Zonemdatenews

mdatenews