ဂီတလောကရဲ့ငွေကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ အဆိုတော် အောင်လနဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ကတော့ အရမ်းကိုလိုက်ဖက်ညီတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ် ။ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့စုံတွဲလေးက ဂီတအလုပ်တွေကို အတွဲညီညီနဲ့ အတူလက်တွဲကာ လုပ်ကိုင်နေကြတာလည်
း ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ နားလည်မှုရှိရှိလက်တွဲခဲ့ကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်း ဒီနေ့အထိ ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ် ။ဒီနေ့မှာတော့ ခင်ပွန်းဖြစ်သူ အောင်လ ဗုံးပေါက်တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ် ။
ဒါကြောင့် ဝိုင်းစုကသူရဲ့ အကောင့်ကနေပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းအမှားတွေဖြစ်ကြောင်းနဲ့ ခင်ပွန်းဖြစ်သူမှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး နေမကောင်းနေတာ ဖြစ်ကြောင်း ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ် ။ကိုအောင်လ ဘာမှမဖြစ်ပါဘူး
ကိုဗစ်ဖြစ်နေတာကလွဲရင် အကောင်းကြီးပါ ဗုံးလဲမပေါက်ပါဘူး ကိုဗစ်ဖြစ်လို့ရော မဖြစ်ခင်တည်းက အပြင်ကိုမထွက်ဖြစ်တာ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာ လိမ်လို့ရတဲ့အရာလည်းမဟုတ်ဘူးသေချာရေရာမသိပဲ တင်ချင်ရာတွေ
ခေါင်းစဉ်တပ်ပြီး လျှောက်မတင်ကြပါနဲ့တော့ လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါ ” ဆိုပြီး အကြောင်းစုံရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
crd Cele Zoneklnewsmdatenews
mdatenews