ကိုယ်တိုင်ကျန်းမာရေးမကောင်းတာတောင် ပရိတ်သတ်တွေအတွက်အားပေးစကားပြောလာတဲ့ သက်မွန်မြင့်

 

သရုပ်ဆောင်သက်မွန်မြင့်ကတော့အကောင်းဆုံ းသရုပ်ဆောင်ချက်တွေနဲ့အတူဇာတ်ကားကောင်းများစွာကိုရိုက်ကူးထားပြီးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်၊သက်မွန်မြင့်ကတော့အားကိုးအားထားရတဲ့

ချစ်ခင်ပွန်းဖြစ်သူနဲ့ချစ်စရာကောင်းကြတဲ့ သားသားနဲ့မီးမီးကိုလဲပိုင်ဆိုင်ထားပါသေးတယ်၊သက်မွန်မြင့်ကတော့စိတ်ထားကောင်းပြီးအလှူအတန်းတွေမှာလဲရှေ့ဆုံးကနေပါဝင်ပြီးပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြလေ့ရှိပါတယ်။

 

သက်မွန်မြင့်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလူထုလှုပ်ရှားမှုတွေမှာ ကျန်းမာရေးမကောင်းတဲ့ကြားကအားတက်သရောပါဝင်ခဲ့တဲ့မတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်အရေးယူခြင်းခံရတာကြောင့်လဲဘေးလွှတ်ရာကိုတိမ်းရှောင်နေရပါတယ်၊မကြာသေးမီကလဲတရားစွဲဆိုထားတဲ့သက်မွန်မြင့်ကိုအမှုကနေ ရုတ်သိမ်းပေးလိုက်ကြောင်းသိရှိရပါတယ်။

 

အခုတစ်ခါမှာဆိုရင်လဲသက်မွန်မြင့်ကပြည်သူတွေအားတင်းထားကြဖို့ကိုလဲBeStrongဆိုပြီးသူမရဲ့ရုပ်ပုံနဲ့တကွလူမှုကွန်ယက်ထင် မှာရေးသားဖော်ပြထားပါတယ်၊သက်မွန်မြင့်တစ်ယောက်လဲကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာပါစေလို့ဆုတောင်းပေးရင်းစာဖတ်ပရိတ်သတ်ကြီးအတွက်ဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

 

CRD:Celebrity Platformmdatenews

mdatenews