ဒီနေ့မနက်အစောပိုင်းမှာ ဖခင်ဖြစ်သူကိုပါ ထပ်ခံဆုံးရှုံး လိုက်ရပြန်တဲ့ သရုပ်ဆောင်လပြည့်

 

ပရိတ်သတ်ကြီးရေ….MRTV -4 မှထုတ်လွှင့်ပြသတဲ့ ဇာတ်တွဲများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားချောလပြည့်ဟာဆိုရင် ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ရုပ်တိုင်းမှာ လှလှပပသရုက်ဆောင်နိုင်တဲ့အတွက်

ပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်နော်။လပြည့်က နိုင်ငံရေးအခြေအနေမှာဆိုရင်လည်း ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ပြည်သူနဲ့တသားတည်းရပ်တည်ခဲ့တာပဲဖြစ်ပ ါတယ်နော်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးဟာ နေရာအနံ့ကူးစက်ပျံံ့နှံ့နေတာဖြစ်ပါတယ်နော်။ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတဲ့ သူတွေလည်းများစွာရှိတဲ့အထဲမှာ

ဒီကနေ့မှာဆိုရင်လည်း သရုက်ဆောင်လပြည့်ရဲ့ဖခင်ဟာ ကိုဗစ်ရောဂါကြီးကို မလွန်ဆန်နိုင်ပဲ ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါ တယ်နော်။အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း ဖခင်ရဲ့အသက်ကိုရအောင်မကယ်လိုက်နိုင်လို့ လပြည့်တစ်ယောက် ယူကြုံးမရဖြစ်လို့နေရှာပါတယ်နော်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ လပြည့်က” အဖေ့အတွက်အောက်စီဂျင်လိုမှာစိုးလို့ ပတ်ရှာတာအဖေ့အသက်ကိုတောင်မမှီလိုက်ဘူး ???ဆိုြ့ပီးပြောလာခဲ့တဲ့အပြင် ဓာတ်ပုံရိုက်ရမှာ အရမ်းကြောက်တာ အဖေပုံလေးတွေခိုးရိုက်ရတယ် ??အမေနဲ အဖေဆုံးတာတတနှစ်ကျော်ပဲ ကွာတယ်ဆုံးတာတောင်တချိန်တည်း နော်သားတို့ ထားခဲ့တာ

အမေနဲ့ အဖေ ရက်စက်လိုက်တာ ??????????” ဆိုပြီး ဝမ်းနည်းကြေကွဲစွာနဲ့ပြောပြလာတာပဲဖြစ်ပါတယ်နော်။မိသားစုနဲ့ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လပြည့်ရယ်။အန်ကယ်ကြီးလည်းကောင်းရာမွန်ရာဘုံဘဝသို့ရောက်ရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။ပရိတ်သတ်ကြီးကလည်း လပြည့်အတွက်အားပေးစကားလေးပြောခဲ့ပါအုံးနော်.။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါ တယ်။

Source ; La Pyae (လပြည့်) Facebook Acc

Credit ; Celebrity Platformsmdatenews

mdatenews