အမြဲတမ်း ယောဂီ ဝတ်စုံ ဝတ်ထားတာကြောင့် ဂိုဏ်းတစ်ခုခု ဝင်ထားတယ် ထင်ကြသူများအတွက်ထွန်းကိုကို ရဲ့ ဖြေရှင်းထုပ်ပြန်ချက်

အမြဲတမ်း ယောဂီ ဝတ်စုံ ဝတ်ထားတာကြောင့် ဂိုဏ်းတစ်ခုခု ဝင်ထားတယ် ထင်ကြသူများအတွက်ထွန်းကိုကို ရဲ့ ဖြေရှင်းထုပ်ပြန်ချက်

သရုပ်ဆောင်ထွန်းကိုကိုကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အများအကျိုးကိုသယ်ပိုးတတ်ပြီး ဘာသာရေးကိုလည်း

အထူးလိုက်စားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ အတွင်းရေးမှူးတစ်ယောက်အဖြစ်လည်း

တာဝန်ယူဆောင်ရွက်နေလျက်ရှိတဲ့ ထွန်းကိုကိုဟာ ပြီးခဲ့တဲ့လတွေမှာ နဂါးရုံဘုရားတည်ခဲ့ပြီး ဇန်နဝါရီလ (၅)

ရက်နေ့မှာတော့ ထီးတော်တင် လှူပူဇော်ခဲ့တဲ့ အကြောင်း အခုလိုပဲ ဝေမျှလာပါတယ် ။ထွ န်းကို ကိုက “ထွန်းကို ကို

ဘာတွေ လုပ်နေတာလည်း မေးကြ ပြောကြတ ယ်ခင်ဗျာ။ ကျွန်တေ ာ်အခုချိန်မှာ ဘာသာရေးကို ပိုပြီး လုပ်ဖြ စ်နေပါတယ်။

တရား ဖြစ်တယ်။ ဂုဏ်တော်ပွ ါးတယ်။ ပုတီးစိပ်တယ် ။ ဘာသာရေးအဓိဌာန်တွေ ဝင်ဖြစ်တယ်။ အဲ့ဒီလိုနဲ့

နဂါးရုံဘု ရားတည်ချင်တဲ့ ကြည်ညိုစိတ်ဖြစ်ပေါ်လာတာနဲ့ နဂါးရုံဘုရားတ ည်ဖြစ်သွားတယ်။ နဂါးရုံဘုရား

စတည်ရင်းမှာပဲ စေတီတဆူ ထပ်တည်ဖို့ ဖြစ်သွားတယ် ။ စေတီက နောက်မှ စတည်ပေမယ့် အရင်ပြီး မြောက်သွားတဲ့

အတွက် ဇန်နဝါရီ လ (၅) ရက် ပြာသိုလပြည့်နေ့ မှာ ထီးတော်တင်လှူပူဇော်ခဲ့ပါတယ် ။ မြောက်ဒဂုံ မဟာ

ကံတော်ပွင့်ကုန်းတော် အတွင်းမှာ တည်ထား ကိုးကွယ်ထားပြီး “လောကထွဋ်ခေါင် “စေတီ လို့ ဘွဲ့တော်မည်တွင်

ပါတယ်။ဘုရားစေတီတွေကို ဖူးမြော်ကြည်ညိုလိုက်ရချိန်တိုင်း စိတ်နှလုံး ကြည်လင်အေးချမ်းပြီး ကုသိုလ်စိတ်ကိုလည်း

ပွားများစေပါတယ် ။ (၇)ရက်သားသမီးအပေါင်း ကြည်ညိုသဒ္ဓါပွား ကုသိုလ်ယူနိုင်ကြစေရန် ရည်သန်ပြီး

ဘုရားစေတီတွေကို တည် ဖြစ်ခဲ့တာပါ ။ ဘာသာရေး အလုပ်တွေ လုပ်ချိန်တိုင်း ဘာသာရေးအရောင်လို့ ခံယူထားတဲ့

ယောဂီအညိုရောင်ကို ကျွန်တော်ဝတ်ဖြစ်ပါတယ် ။ ခုတလော ဘာသာရေးကိစ္စတွေ ဆက်တိုက် လုပ်ဖြစ်နေတာ ကြောင့်

ယောဂီ အညိုရောင်ကို ဝတ်ဖြစ်တာ များနေလို့ပါခင်ဗျာ ။ ကျွန်တော့ကို အမေးများကြသလို ဂိုဏ်းတခုခုကို ဝင်ထားလို့

မဟုတ်ပါဘူး ခင်ဗျာ၊ဘုရားစေတီများ တည်ထားကိုးကွယ်ရာတွင် “လောကထွဋ်ခေါင် “စေတီတော်ကို တည်ဖြစ်ဖို့

စေ့ဆော်တိုင်တွန်း မှုပြုပေးသော အဘဦးသိန်းဇော် ကိုဂါရဝပြုကျေးဇူးအများကြီးတင်ပါတယ်။အစစအရာရာ

ကူညီဖြည့်ဆည်းပေးကြသော နာရေးကူညီမှုအသင်းသူအသင်းသားများအားလုံး အဘက်ဘက်မှကျွန်တော်နှင့်အတူ

ပါဝင် ကုသိုလ်ပြုပေးကြသော သာသနာပြု အဖွဲ့များအားလုံး ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။ ပါဝင်

လှူဒါန်းပေးကြသော ကုသိုလ်ရှင်များ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါ တယ်ခင် ဗျာ၊သာဓု သာဓု

သာဓု” ဆိုပြီး ပြောလာပါတယ်။ထွန်းကိုကိုကတော့ လတ်တလော ဘုရားတည်မယ့် ကိစ္စတွေရယ် အခြားသေ

ာဘာသာရေးကိစ္စတွေရယ်ကြောင့် ယောဂီဝတ်စုံကို အဝတ်များနေတာဖြစ်ပြီး ပရိသတ်တွေသိချင်နေကြတဲ့

ဂိုဏ်းတစ်ခုခုဝင်ထားတာလားဆိုတာဟာလည်း မဟုတ်တဲ့ အကြောင်းကိုပါ တစ်ခါတည်း ဖြေရှင်းပေးလာခဲ့ပါတယ် ။

အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်းသာယာတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်..

Credit

Zawgyi

mdatenews

mdatenews