နှုတ်ခမ်းမွှေးကားကားနဲ့ ပရိသတ်တွေအမြဲတမ်းအမှတ်ရနေဆဲဖြစ်တဲ့ လူရွှင်တော်ကြီး ရှဲဒိုး
တချိန်က မြန်မာ့ဇာတ်သဘင်လောကမှာ ညီအစ်ကိုလိုအရမ်းချစ်ကြတဲ့ အဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ ရွှေညီကိုအဖွဲ့ကိုတော့
အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။ ငြိမ်းချမ်း၊ကောင်းကျော်၊ဝိုင်းချစ်၊ရှဲဒိုး၊ထက်ထက် တို့နဲ့ဖွဲ့စည်းထားပြီးတော့
ပရိသတ်တွေကို ဆယ်စုနှစ်တစ်ခုကြာအောင် ရယ်စရာပျော်စရာ ပြက်လုံးအမျိုးမျိုးနဲ့ ဇာတ်ခုံပေါ်ကနေ တင်ဆက်ပေးခဲ့တဲ့
အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ကိုလူသိများစေခဲ့တဲ့ ရှု့မဝဇာတ်သဘင်ဟာ ရွှေညီကိုအဖွဲ့ကိုနာမည်ကြီးစေခဲ့တဲ့အပြင်
တစ်နိုင်ငံလုံးအတိုင်းအတာထိ အောင်မြင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှု့တွေရရှိနေရင်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော်ကြီး
ရှဲဒိုး ဟာ ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေအားလုံးက ဝမ်းနည်းခဲ့ရပါတယ်။ လူရွှင်တော်ကြီး ရှဲဒိုး ရဲ့
နာမည်အရင်း ဟာ လှမြင့် ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ လူရွှင်တော် ဝိုင်းချစ်နဲ့အတူ သစ္စာမေတ္တာရွှေမန်းသဘင်ကစပြီး
ဇာတ်သဘင်လောကကို လျှောက်လှမ်းလာတာ ကွယ်လွန်တဲ့အထိပဲ ဖြစ်ပါတယ်။ ရှဲဒိုး ဆိုတဲ့နာမည်ကို ဂီတစာဆို ဦးဂမုန်း က
ပေးခဲ့တာဖြစ်ပြီး လက်ဦးဆရာကတော့ လူရွှင်တော် ပေါ်ဦးပဲ ဖြစ်ပါတယ်။ လူရွှင်တော် ရှဲဒိုး ဟာ ဂန္တဝင်လူရွှင်တော်ကြီး
ဦးမော့စ်လို့ အမူအရာမျိုးလုပ်ပြရင် အရမ်းကိုပီပြင်လွန်းပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို အခြားအဖွဲ့ဝင်တွေထက်
ပိုမိုရရှိတဲ့ လူရွှင်တော်ကြီးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျန်းမာရေးအခြေအနေကြောင့် ခြေထောက်တစ်ဖက်ဖျက်ရတဲ့
အနေအထားထိရောက်ခဲ့ပေမယ့် သူ့ရဲ့ဝေဒနာတွေကိုမေ့ထားပြီး လေးနှစ်နီးပါး ပရိသတ်တွေကို ပြက်လုံးတွေနဲ့
ရယ်မောပျော်ရွှင်စေခဲ့သူပါ။ လူရွှင်တော်ကြီး ရှဲဒိုး ဟာ ဖဲရိုက်တာနဲ့ ဆေးလိပ်သောက်တာကို ခုံမင်နှစ်သက်သူဖြစ်ပြီး
ပျော်ပျော်နေတတ်တဲ့ သူလဲဖြစ်ပါတယ်။ ဆေးလိပ်ကိုအလွန်အကျွံသောက်ခဲ့မိတာကြောင့် ခြေထောက်သွေးကြောတွေ ‘
ထိခိုက်သွားလို့ ခြေထောက်တစ်ဖက်နဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ ပျော်ပျော်နေတတ်ပြီး စိတ်ထားကောင်းတဲ့
လူရွှင်တော်ကြီး ကွယ်လွန်သွားခဲ့တာကြောင့် ချစ်တဲ့ပရိသတ်တွေအားလုံး ဝမ်းနည်းခဲ့ကြရပါတယ်။ လူရွှင်တော် ရှဲဒိုး မှာ
တစ်ဦးတည်းသောသားလေးတစ်ဦးရှိပြီး နာမည်ကတော့ ကောင်းဇင်ဟိန်းလို့ခေါ်ပါတယ်။ ချစ်ရတဲ့သားလေး ”
အိမ်ထောင်ပြုတဲ့အချိန်မှာ သူ့ရဲ့ရွှေညီကိုအဖွဲ့တွေက ဖခင်နေရာကနေပေးခဲ့ပြီး အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့တာကြောင့်
ရှဲဒိုးအပေါ်ထားတဲ့ ရွှေညီကို တွေရဲ့သံယောဇဥ်ကို အားလုံးကချီးကျူးခဲ့ကြပါသေးတယ်။ လူရွှင်တော်ကြီး
ရှဲဒိုးကွယ်လွန်တာ ၁၂ လပိုင်း ၊၂၆ ရက်နေ့ ဆိုရင် ၁၅ နှစ်ကျော်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ အခုချိန်တိုင်
နှုတ်ခမ်းမွှေးကားကားနဲ့ ရှဲဒိုးဆိုတဲ့ နာမည်တစ်လုံးက ပရိသတ်တွေကတော့ အမြဲတမ်းအမှတ်ရနေဆဲပါပဲ။
Zawgyi
ႏႈတ္ခမ္းေမႊးကားကားနဲ႔ ပရိသတ္ေတြအၿမဲတမ္းအမွတ္ရေနဆဲျဖစ္တဲ့ လူ႐ႊင္ေတာ္ႀကီး ရွဲဒိုး
တခ်ိန္က ျမန္မာ့ဇာတ္သဘင္ေလာကမွာ ညီအစ္ကိုလိုအရမ္းခ်စ္ၾကတဲ့ အဖြဲ႕ဝင္ေတြနဲ႔ဖြဲ႕စည္းထားတဲ့ ေ႐ႊညီကိုအဖြဲ႕ကိုေတာ့
အားလုံးပဲမွတ္မိၾကအုန္းမယ္ ထင္ပါတယ္။ ၿငိမ္းခ်မ္း၊ေကာင္းေက်ာ္၊ဝိုင္းခ်စ္၊ရွဲဒိုး၊ထက္ထက္ တို႔နဲ႔ဖြဲ႕စည္းထားၿပီးေတာ့
ပရိသတ္ေတြကို ဆယ္စုႏွစ္တစ္ခုၾကာေအာင္ ရယ္စရာေပ်ာ္စရာ ျပက္လုံးအမ်ိဳးမ်ိဳးနဲ႔ ဇာတ္ခုံေပၚကေန တင္ဆက္ေပးခဲ့တဲ့
အဖြဲ႕တစ္ခုပဲ ျဖစ္ပါတယ္။ သူတို႔ကိုလူသိမ်ားေစခဲ့တဲ့ ရႈ႕မဝဇာတ္သဘင္ဟာ ေ႐ႊညီကိုအဖြဲ႕ကိုနာမည္ႀကီးေစခဲ့တဲ့အျပင္
တစ္ႏိုင္ငံလုံးအတိုင္းအတာထိ ေအာင္ျမင္ခဲ့ပါတယ္။ ဒီလိုေအာင္ျမင္မႈ႕ေတြရရွိေနရင္း အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ လူ႐ႊင္ေတာ္ႀကီး
ရွဲဒိုး ဟာ ကြယ္လြန္သြားခဲ့တာေၾကာင့္ ပရိသတ္ေတြအားလုံးက ဝမ္းနည္းခဲ့ရပါတယ္။ လူ႐ႊင္ေတာ္ႀကီး ရွဲဒိုး ရဲ႕
နာမည္အရင္း ဟာ လွျမင့္ ျဖစ္ၿပီး ၁၉၉၁ ခုႏွစ္မွာ လူ႐ႊင္ေတာ္ ဝိုင္းခ်စ္နဲ႔အတူ သစၥာေမတၱာေ႐ႊမန္းသဘင္ကစၿပီး
ဇာတ္သဘင္ေလာကကို ေလွ်ာက္လွမ္းလာတာ ကြယ္လြန္တဲ့အထိပဲ ျဖစ္ပါတယ္။ ရွဲဒိုး ဆိုတဲ့နာမည္ကို ဂီတစာဆို ဦးဂမုန္း က
ေပးခဲ့တာျဖစ္ၿပီး လက္ဦးဆရာကေတာ့ လူ႐ႊင္ေတာ္ ေပၚဦးပဲ ျဖစ္ပါတယ္။ လူ႐ႊင္ေတာ္ ရွဲဒိုး ဟာ ဂႏၲဝင္လူ႐ႊင္ေတာ္ႀကီး
ဦးေမာ့စ္လို႔ အမူအရာမ်ိဳးလုပ္ျပရင္ အရမ္းကိုပီျပင္လြန္းၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေတြကို အျခားအဖြဲ႕ဝင္ေတြထက္
ပိုမိုရရွိတဲ့ လူ႐ႊင္ေတာ္ႀကီးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ က်န္းမာေရးအေျခအေနေၾကာင့္ ေျခေထာက္တစ္ဖက္ဖ်က္ရတဲ့
အေနအထားထိေရာက္ခဲ့ေပမယ့္ သူ႔ရဲ႕ေဝဒနာေတြကိုေမ့ထားၿပီး ေလးႏွစ္နီးပါး ပရိသတ္ေတြကို ျပက္လုံးေတြနဲ႔
ရယ္ေမာေပ်ာ္႐ႊင္ေစခဲ့သူပါ။ လူ႐ႊင္ေတာ္ႀကီး ရွဲဒိုး ဟာ ဖဲ႐ိုက္တာနဲ႔ ေဆးလိပ္ေသာက္တာကို ခုံမင္ႏွစ္သက္သူျဖစ္ၿပီး
ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူလဲျဖစ္ပါတယ္။ ေဆးလိပ္ကိုအလြန္အကြၽံေသာက္ခဲ့မိတာေၾကာင့္ ေျခေထာက္ေသြးေၾကာေတြ ‘
ထိခိုက္သြားလို႔ ေျခေထာက္တစ္ဖက္နဲ႔ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ရပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး စိတ္ထားေကာင္းတဲ့
လူ႐ႊင္ေတာ္ႀကီး ကြယ္လြန္သြားခဲ့တာေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြအားလုံး ဝမ္းနည္းခဲ့ၾကရပါတယ္။ လူ႐ႊင္ေတာ္ ရွဲဒိုး မွာ
တစ္ဦးတည္းေသာသားေလးတစ္ဦးရွိၿပီး နာမည္ကေတာ့ ေကာင္းဇင္ဟိန္းလို႔ေခၚပါတယ္။ ခ်စ္ရတဲ့သားေလး ”
အိမ္ေထာင္ျပဳတဲ့အခ်ိန္မွာ သူ႔ရဲ႕ေ႐ႊညီကိုအဖြဲ႕ေတြက ဖခင္ေနရာကေနေပးခဲ့ၿပီး အစစအရာရာ ကူညီေဆာင္႐ြက္ေပးခဲ့တာေၾကာင့္
ရွဲဒိုးအေပၚထားတဲ့ ေ႐ႊညီကို ေတြရဲ႕သံေယာဇဥ္ကို အားလုံးကခ်ီးက်ဴးခဲ့ၾကပါေသးတယ္။ လူ႐ႊင္ေတာ္ႀကီး
ရွဲဒိုးကြယ္လြန္တာ ၁၂ လပိုင္း ၊၂၆ ရက္ေန႔ ဆိုရင္ ၁၅ ႏွစ္ေက်ာ္ၿပီပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လဲ အခုခ်ိန္တိုင္
ႏႈတ္ခမ္းေမႊးကားကားနဲ႔ ရွဲဒိုးဆိုတဲ့ နာမည္တစ္လုံးက ပရိသတ္ေတြကေတာ့ အၿမဲတမ္းအမွတ္ရေနဆဲပါပဲ။mdatenews
mdatenews