ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ကျားပေါက်ကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေမွန်နဲ့ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ရေမွန်ကတော့ ဆုံးပါးကွယ်လွန်သွားခဲ့ပေမဲ့ ပရိသတ်တွေကတော့ ရင်ထဲမှာအမြဲလွမ်းဆွတ်သတိရစေကြစဲပါ။
ရေမွန်ကို သတိတရအမှတ်တရရှိနေတဲ့အတွက် ပရိသတ်တွေရော ချစ်ခင်ရတဲ့ အနုပညာရှင်မောင်နှမတွေက ရေမွန်နဲ့အမှတ်တရရိုက်ကူးထားတဲ့ ပုံလေးတွေကိုလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလေ့ရှိကြပါတယ်။ ကျားပေါက်ကလည်း ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Body bag သွင်းတုန်းကတဲ့။
တွတ်ပီ ဖုန်းနဲ့ရိုက်တာတဲ့။” ဆိုပြီး ရေမွန်ဖုန်းနဲ့ ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေကို မျှဝေလာခဲ့တာပါ။ပရိသတ်ကြီးတွေထဲက ရေမွန်ရဲ့ ပရိသတ်တွေအတွက်လည်း ရေမွန့်ကို အလွမ်းပြေအနေနဲ့ ကျားပေါက်က မျှဝေထားတဲ့ ပုံလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေထဲက ရေမွန်ကို လွမ်းဆွတ်နေတဲ့ ပရိသတ်တွေရှိလား။
CRD:Cele Zonemdatenews
mdatenews