လေဖြတ်ကာ စကားပြောမရဘဲ ညာတစ်ခြမ်းလုံး လှုပ်မရဖြစ်နေတဲ့ လူနာကို အချိန်အနည်းငယ် အတွင်း အကောင်းပကတိ အတိုင်းဖြစ်အောင် ကုသပေးခဲ့တဲ့ ထူးခန့်ကျော်

 

 

ထူးခန့်ကျော်ကတော့ သူတတ်ကျွမ်းတဲ့ ဆေးပညာရပ်လေးနဲ့ တစ်ဖက်တစ်လမ်းကနေ လေဖြတ်လူနာတွေအား တိုင်းရင်းဆေးဖြင့် နှိပ်နယ်ကာ ကုသပေးနေသူလည်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကုသပေးလို့ ဝေဒနာ ပျောက်ကင်းသွားကြသူတွေလည်း မနည်းပါဘူး ။

 

 

 

 

အခုလည်း လေဖြတ်ကာ ကိုယ်တစ်ခြမ်းလုံး လှုပ်မရသလို စကားလည်း မပြောနိုင်တဲ့ လူငယ်တစ်ဦးအား ခြောက်ရက်နဲ့ အကောင်းပကတိ အတိုင်း ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့လို့ ကြည်နူး ပီတိဖြစ်နေတဲ့ အကြောင်းကို ရေးသားဝေမျှလာပါတယ် ။ ဝေဒနာ ခံစားနေရသူလည်း မိမွေးထားတဲ့ အတိုင်း ပြန်လည်ကောင်းမွန်လာလို့ အတော်လေး ဝမ်းသာနေတယ်လို့လည်း သိရပါတယ် ။

 

 

 

 

ဒီလို ကုသ ပေးခဲ့ရတဲ့ အကြောင်းကိုလည်း ” အရမ်းပီတိဝမ်းသာမိပါတယ်သားလေးရယ် အမှတ်၁၉၄ သမိုင်း၁၂လမ်းနေ သားလေးဇွဲသူရထွန်းအသက်၂၈နှစ်သည် ကျွန်တော်ထံလေဖြတ်ရောဂါလာရောက်ကုသခဲ့ရာ စကားလည်းမပြောနိုင်သလို ညာဘက်ခြေထောက်နှင့်လက်များလည်းလှုပ်၍မရ ပါးစပ်တဖက်လဲရွဲ့နေသလိုဖြစ်ခဲ့လေသည်

 

 

 

 

ကျွန်တော်ကုသပေးရင်း၆ခေါက်မြောက်လောက်မှာပင် စကားများပြန်ပြောနိုင်ပြီး လမ်းပါလျှေက်လာနိုင်၍ လက်များပါကိုင်တွယ်လှုပ်ရှားလာနိုင်ပြီး ရွဲ့နေသောပါးစပ်ပါတည့်၍ပင်လာခဲ့လေသောကြောင့် သားလေးဇွဲသူရထွန်းအတွက်အင်မတန်ပီတိဝမ်းသာ ဖြစ်ခဲ့ရလေသည် ယခုလိုကျွန်တော်ထံယုံကြည်မူ့ပေးပြီး

 

 

 

လာရောက်ကုသခံမှု့အား အထူးပင်ကျေးဇူးတင်မိသလို ကျွန်တော်အနေနဲ့၇ရက်သားသမီးများရဲ့ဝေဒနာများအား အခမဲ့ပါရမီဖြည့်ပေးခွင့်ရခဲ့လို့လည်းဝမ်းသာပျော်ရွှင်ရသလို ကျွန်တော်၏အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေနော် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

 

 

 

 

CRD:Cele Zone mdatenews

mdatenews