ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ပြေတီဦးကတော့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတာ လအတော်အတန်ကြာနေခဲ့ပါပြီ။ ပြေတီဦးကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း ပြေတီဦးတစ်ယောက် အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့ အချိန်တိုင်းလိုလို ဝိုင်းဝန်းဆုတောင်းပေးနေကြပါသေးတယ်။
ဒီနေ့မှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင် ညီနန္ဒက သူငယ်ချင်းဖြစ်သူ ပြေတီဦးကို အိပ်မက်မက်တဲ့အကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေဖော်ပြလာခဲ့ပါတယ်။ “ငါတို့သူငယ်ချင်းနှစ်ယောက် Gym အတူကစားနေကြတယ်လို့ အိပ်မက်မက်တယ်။”
ဆိုပြီး သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်အေးချမ်းစွာနဲ့ ရှိနေတဲ့အကြောင်း အိပ်မက်မက်ခဲ့တယ်တဲ့ သူ့ရဲ့အိပ်မက်အကြောင်းကို ပရိသတ်တွေလည်း သိရှိရအောင် မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။အိပ်မက်ထဲကလို သူငယ်ဖြစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ရှိချင်ပြီး
အိပ်မက်ထဲကလို အပြင်မှာတကယ်ဖြစ်စေချင်ကြောင်း သူ့ရဲ့ဆန္ဒလေးကိုလည်း တောင်းဆုပြုထားပါသေးတယ်။ ပရိသတ်ကြီးတွေရဲ့ ပရိသတ်တွေအတွက်အချစ်တော်တွေအားလုံး အမြန်ဆုံးလွတ်မြောက်လာဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
CRD:Cele Zonemdatenews
mdatenews