ပရိသတ်ကြီးရေ အဆိုတော် မင်းသမီး ဝိုင်းစုခိုင်သိန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ ဝိုင်းစုခိုင်သိန်းကတော့ အနုပညာနယ်ပယ်နှစ်ခုလုံးမှာ အောင်မြင်သူ နာမည်ကျော် အနုပညာရှင် တစ်ယောက် ဆိုလည်း မှား မယ် မထင်ပါဘူး။
နာမည်ကြီး အဆိုတော် အောင်လနဲ့ ချစ်သူသက်တမ်း ကြာမြင့်လာတာနဲ့အမျှ အတူတူ ဂီတ အနုပညာဘက်ကို ပိုအသာပေး လုပ်ဆောင်ကာ အောင်မြင်မှုတွေကို သိမ်းပိုက်ထားသူလည်း ဖြစ်ပါသေးတယ်.။ ချစ်စရာကောင်းပြီး တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ Relationship မို့ ပရိသတ်တွေရဲ့ အထူး နှစ်ခြိုက် သဘောတူမှုတွေကို ရရှိထားကြသူတွေလည်း ဖြစ်ပါတယ်နော်။
တစ်ယောက်နဲ့ တစ်ယောက် အမြဲ အတူ ရှိကာ အဖြစ်အပျက် တိုင်းကို ပရိသတ်တွေဆီ ပြောပြတတ်သူ ဝိုင်းစုက ဒီကနေ့မှာလည်း အောင်လရဲ့ Official Account Hack ခံထားရတဲ့အကြောင်းကို “ကိုအောင်လ အကောင့် hackခံထားရပါတယ်။ အခု အကောင့်ကိုပြန်လိုက်ယူဖို့ကြိုးစားနေပါတယ်။
အထင်လွဲ အမြင်လွဲဖြစ်သွားတဲ့သူတွေရော၊ စိတ်အနှောက်အယှက်ဖြစ်သွားတဲ့သူတွေ တစ်ယောက်ချင်းစီတိုင်းကို တောင်းပန်ပါတယ်ရှင့် ???” ဆိုပြီး သူမရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။အကောင့် Hack ခံထားရချိန် အထင်အမြင် လွဲမှားအောင် ပို့ခံ ပြောခံထားရသူတွေကိုတောင်းပန်တဲ့ စာလေးကို သူမရဲ့ လူမှု့ကွန်ရက်မှာ တင်ကာ တောင်းပန်စကား ဆိုလာခဲ့တာပဲဖြစ်ပါတယ်.။ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာကျန်းမာတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Credit ; (Cele Active World)mdatenews
mdatenews