နိုင်ငံရပ်ခြားကနေတစ်ယောက်တည်းလာနေရတဲ့ချွေးမလေးရဲ့မွေးနေ့လေးကို အံ့သြသွားအောင်ဖန်တီးပေးလိုက်တဲ့ ချမ်းချမ်းယောက္ခမရဲ့ဗီဒီယိုလေး

မနေ့ကတော့ အဆိုတော် ချမ်းချမ်းရဲ့ မွေးနေ့ ဖြစ်ပါတယ်နော်။ ချမ်းချမ်းကတော့ သူမရဲ့မွေးနေ့ကို ယောက္ခမတွေနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်နော်။ သူမအရမ်းလိုချင်နေတဲ့ အပ်ချုပ်စက်လေးကို မွေးနေ့လက်ဆောင်အဖြစ် ယောက္ခမဖြစ်သူမှ ပေးခဲ့တဲ့အတွက် ချမ်းချမ်းတစ်ယောက် အရမ်းကို ပျော်ရွှင်သွားခဲ့ပါတယ်နော်။

 

 

ပြည်ပမှာ မိဝေးဖဝေး တစ်ယောက်တည်း လာနေရတဲ့ ချွေးမလေးကို ပျော်အောင် လုပ်ပေးတဲ့ မိသားစုလေးပါပဲနော်။ချမ်းချမ်းကလည်း ” Happy Birthday To Me! ☺️😍14.Sep.1987ဒီနေ့ဟာ ကျွန်မချမ်းချမ်းရဲ့၃၄ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ ဘဝဆိုတာနေတတ်ရင် ကျေနပ်စရာပါနော်

 

 

 

 

အခုချိန် ကျွန်မ ချစ်ရတဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်လည်း ဖြစ်နေပါပြီ☺️😊ကျွန်မ ချစ်ရတဲ့ မိသားစုရယ်ချစ်ရတဲ့ ပရိတ်သတ်တွေနဲ့ကျွန်မ ချစ်ရတဲ့ သီချင်းတွေကို ဖန်တီးရင်းပျော်ရွင်အေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းရဖို့ပဲဆုတောင်းမိပါတယ် 🙏မြန်မာပြည်ကြီးလည်း အမြန်ဆုံး ငြိမ်းချမ်းပါစေလို့

 

 

 

 

ဒီကနေ ဆုတောင်းလိုက်ပါတယ် 🙏🙏🙏Birthday Wish ကြိုပြီး လုပ်ပေးကြတဲ့ပရိတ်သတ်တွေရော ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းတွေ အားလုံးကို ချမ်းချမ်းက ကျေးဇူးအထူးတင်ပါတယ် 😍😍” လို့ ရေးသားထားပါသေးတယ်နော်။

 

 

 

Credit:Cele Platformmdatenews

mdatenews