နေမကောင်းလို့ဆေးခန်းသွားပြချင်ပေမယ့်လည်း သွားလို့မရတဲ့ အခြေအနေကြောင့် ရောဂါကိုကြိတ်မှိတ်ပြီးခံစားနေရကြောင်းရင်ဖွင့်လာတဲ့ မေ

 

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုတော်သရုပ်ဆောင်မေကတော့ အနုပညာနယ်ပယ်မှာမှာသာမကဂီတနယ်ပယ်မှာလည်းအောင်မြင်နေတဲ့သူတစ်ယောက်ပါ။အဆိုတော်မေကတော့လူထုတော်လှန်ရေးကြီးမှာပြည်သူနဲ့အတူပါဝင်ခဲ့ပြီးအမှန်တရားဘက်ကရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။

 

 

 

ဒါကြောင့်မလို့အဆိုတော်မေကိုဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာ လည်းဖြစ်ပါတယ်။လက်ရှိမှာအဆိုတော်မေကကျန်းမာရေးချူခြာနေတာကြောင့်အရင်ကဖြစ်ခဲ့တာအစာအိမ်ရောဂါလည်းပြန်ဖြစ်နေပြီးရှောင်တိမ်းနေရတာကြောင့်ဆေးခန်းသွားပြလို့လည်းမရဘူးဖြစ်နေပါတယ်။

 

 

 

 

အဆိုတော်မေကအခုထိကျန်းမာရေးမကောင်းရှာဘူးအတိတ်ဘဝဝဋ်ကြွေးလားဘယ် တတ်နိုင်ပါ့မလဲနော်အခုလဲ၅၀၅ကကြောင့်ဆေးခန်းသွားမပြရ စစ်စရာရှိတာတွေလဲမစစ်ရတာကြာခဲ့ပြီ။တစ်ခုခုဖြစ်တိုင်းဖုန်းထဲကနေသေချာလေး treatment ပေးတဲ့ဆရာဝန်တွေရဲ့ကျေးဇူးကြီးလှတယ်။

 

 

 

 

အနားမှာရှိတဲ့သူတွေမငြိုငြင်ရင်ပဲကျေးဇူးတင်မိပါပြီ။၉၆ပါးရောဂါ အထူးသဖြင့်အစာအိမ်ကတော့ပျောက်ကာမှပျောက်ပါတော့စိတ်ဖိစီးတဲ့အခါပိုဆိုးစိတ်ချမ်းသာစရာကလဲမရှိတော့လေတော့ဆိုပြီးသူကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမျှဝေလာ တာဘဲဖြစ်ပါတယ်။

 

 

 

Credit: Celebrity Platformmdatenews

mdatenews