ဖောက်ပြန်တာကို လက်မခံနိုင်တဲ့အတွက် တရားဝင်ကွာရှင်းလိုက်ကြတဲ့ ထူးခြား တို့ ဇနီးမောင်နှံ

ဖောက်ပြန်တာကို လက်မခံနိုင်တဲ့အတွက် တရားဝင်ကွာရှင်းလိုက်ကြတဲ့ ထူးခြား တို့ ဇနီးမောင်နှံ

သရုပ်ဆောင် ထူးခြား ကတော့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်တွေကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပါ ။

ထူးခြား ဟာ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းကိုလည်း စိတ်ဝင်စားတာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ

သရုပ်ဆောင် ပွင့်နဒီမောင်နဲ့အတူတူ ဝက်နံရိုးမီးတောက်နဲ့ ဝက်လက်စွပ်ပြုတ်တို့ကို ရောင်းချခဲ့တာကို အားလုံးလဲသိကြမှာပါ။ လက်ရှိမှာဆိုရင်

မန္တလေးမြို့ကြီးမှာ စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး စီးပွားရေးအခြေအနေဟာ အရင်ထက်ပိုမိုအောင်မြင်လာခဲ့ပါတယ်။ ကျပ်တည်းတဲ့

ဘဝကနေ အောင်မြင်တဲ့အချိန်ထိ အတူတကွကြိုးစားလာခဲ့တဲ့ ထူးခြား တို့ ဇနီးမောင်နှံ ဟာ ကွာရှင်းပြတ်ဆဲလိုက်တဲ့အကြောင်းကို

စိတ်မကောင်းစွာ သိရပါတယ်။ ဒီလိုတရားဝင်ကွာရှင်းလိုက်တဲ့ အကြောင်းကို ထူးခြားရဲ့ဇနီး မခိုင်ဦးတင့်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ

အခုလိုပဲ အသိပေးလာပါတယ်။ “Enough! လုံလောက်တယ်ဆိုတာထက်ပိုသွားတဲ့အချိန်မှာကိုယ့်ဆုံးဖြတ်ချက်ကအဓိကပါပဲ။ ဖြတ်သန်းခဲ့တဲ့

၈ နှစ်လုံးလုံးကိုယ့်ဘက်ကအကောင်းဆုံးပေးဆပ်ခဲ့နိုင်တဲ့အတွက်နောင်မှတမဲ့နောင်တဆိုတာလဲမရှိပါဘူး။ ဘယ်လိုအမျိုးသမီးနဲ့ဘယ်လိုပုံစံမျိုးပဲ

ပတ်သက်ပတ်သက်လက်မခံနိုင်ဘူးဆိုတာယတိပြတ်ပြောထားပြီးသားကိုမှမလိုက်နာပေးနိုင်တဲ့ဒီအမျိုးသားကိုကိုယ့်ဘဝထဲက

အပြီးအပိုင်ထုတ်ပစ်ခဲ့တဲ့အတွက်လဲဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး ။ လူ့ဘဝမှာဒါမျိုးတွေကြုံရတာမဆန်းတာမို့ စိတ်ကိုလဲအတတ်နိုင်ဆုံး

ပြင်ဆင်ပြီးလုပ်စရာရှိတာလုပ်ခဲ့တယ်။ ဘယ်သူ့ကိုမှလဲ မယားငယ်ဇာတ်မသွင်းချင်ခဲ့တဲ့အတွက် လိုချင်တဲ့သူယူသွားနိုင်ဖို့ ကိုယ်တိုင်လဲ

ဒီအိမ်ထောင်ရေးကိုရှေ့မဆက်ချင်တော့တဲအတွက်ဒီလမ်းကိုရွေးချယ်ခဲ့တာမမှားဘူးလို့ပဲခံယူပြီး ရှေ့ဆက်ရှင်သန်ပါမယ် ။ လူသိရှင်ကြားတရား

ဝင်ယူထားခဲ့ခြင်းဖြစ်လို့ လူသိရှင်ကြားပဲ ဒီကိစ္စကိုအသိပေးခြင်းသက်သက်ဖြစ်ပါတယ်။ ကိုသွင်ထူးအောင် (ခ) ထူးခြား နှင့် 15 Dec 2022
တွင်

ကွာရှင်းပြတ်စဲပြီးသည့်အတွက် သူနှင့်ပတ်သတ်သည့် မည်သည့်ကိစ္စအဝဝမှကျွန်မနဲ့မသက်ဆိုင်တော့တဲ့အပြင် တာဝန်ယူဖြေရှင်းပေးမည်လည်းမဟုတ်ပါ။” ဆိုပြီး

သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။ ထူးခြား ရဲ့ ဇနီးဖြစ်သူ မခိုင်ဦးတင့် ဟာ အိမ်ထောင်ရေးမှာ

တတိယလူပေါ်လာခဲ့တာကြောင့် (၈)နှစ်တာဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ရေးကို ရပ်တံ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့်

သတ္တိရှိတဲ့သူမအတွက် အနုပညာအသိုင်းအဝိုင်း နဲ့ မိတ်ဆွေတွေရဲ့ အားပေးတဲ့ကောမန့်များစွာကို တွေ့ရပါတယ်။mdatenews

mdatenews