သမီးကြီးမြမိုးဂင်္ဂါနဲ့ သူမကို ဆက်သွယ်ရခက်ခဲအောင်လုပ်တဲ့သူကို အရမ်းမုန်းတဲ့အကြောင်းရင်ဖွင့်ပြောပြလာတဲ့ ချမ်းချမ်း

 

 

ပရိသတ်ကြီးရေ ဒီကနေ့ စက်တင်ဘာလ (၁၄)ရက်နေ့မှာ အသက် (၃၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ နိုင်ငံကျော် အဆိုတော် ချမ်းချမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်.။ ချမ်းချမ်းကတော့ သူမရဲ့ ထူးခြားတဲ့ အသံနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူ အဆိုတော် အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်နော်။

 

 

 

 

ချမ်းချမ်းဟာဆိုရင် သမီးကြီး မြမိုးဂင်္ဂါ နဲ့ အတူ နေထိုင်ခဲ့ပြီး အခုချိန်မှာတော့ နောက်အိမ်ထောင်နဲ့ အတူ သမီးငယ်လေး ကိုပါ ပိုင်ဆိုင်ထားသူ ချမ်းချမ်းကတော့ သူမရဲ့ မွေးနေ့မှာ သမီးကြီးနဲ့ ဝေးကွာနေရလို့ ဝမ်းနည်းနေရတဲ့ သူမရဲ့ ခံစားချက်တွေကို “အမေ့ မွေးနေ့မှာ အမေချစ်ရတဲ့ သမီးကြီးအမေနဲ့ အတူမရှိနိုင်သေးပေမဲ့ အမေလက်မလျော့ဘူ။

 

 

 

ကြိုးစားနေတယ် အမေ့သမီးလေးနဲ့ အတူ မွေးနေ့တွေဖြတ်သန်းခဲ့ပေမဲ့ ဒီနှစ် အမေမပျော်လှပါဘူးသမီးရေ။သမီးညီမလေးနဲ့ အမေ သမီးကို သတိရနေတယ်။မနက်က သမီးနဲ့ ဖုန်းပြောလိုက်ရလို့အမေ အရမ်းဝမ်းသာတယ် အိပ်လို့တောင်မပျော်ဘူး။ သမီးလေးလှပီးနေကောင်းနေလို့ ဘုရားကို ကျေးဇူးတင်မိတယ် ကျန်ခဲ့တဲ့ မွေးအဖေမွေးအမေကိုလဲ အဝေးကနေ ရှိခိုးကန်တော့ပါတယ်????အခုဒီမှာလဲ အားလုံးက လိုလေသေးမရှိ လက်ဆောင်တေပေးပြီးနှစ်သိမ့်ကြပေမဲ့ အမေ မပျော်နိုင်ဘူးသမီးရေ မပြည့်စုံဘူး။

 

 

 

 

ချစ်တယ် သမီးရေ ။ အမေနဲ့ သမီးဆက်သွယ်ရတအားခက်တယ် ။အခုလိုခေတ်ကြီးမှာ သမီးကိုဆက်သွယ်ဖို့ခက်ေ အာင်လုပ်တဲ့သူတေကိုအမေအရမ်းမုန်းတယ် ။ အမေ့သမီးလေးရေ မေမေချစ်တယ်နော်။ သမီးကိုရော ညီမလေးရော တူတူညီတူညီမျှချစ်တယ် ။ အချိန်ပြည့်သတိရနေတယ်။ သတိတရနဲ့ အချိန်ပြည့်လိုအပ်သမျှဖြည့်ဆည်းပေးတဲ့ ယောက္ခထီးနဲ့ယောက္ခမ အကုန်လုံးကိုကျေးဇူးပါ။

 

 

 

 

သမီးလေးတွေအတွက် အကျီချုပ်ပေးလို့ရပြီ။❤️❤️❤️❤️မွေးနေ့အတွက်ဆုမွန်ကောင်းတောင်းပေးသူတယောက်ချင်းစီကို အဝေးကနေ ရှိခိုးဂါရဝပြု ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံက (၇)ရက်သားသမီးအားလုံးကျန်းမာ ကြပါစေ အမှန်တရားအမြန်ဆုံးပေါ်ပေါက်ကာ အေးချမ်းပါစေ??????” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ချမ်းချမ်းကတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်နေရပေမယ့် သမီးကြီးနဲ့ ဝေးကွာနေရလို့ ဝမ်းနည်းမှုတွေကို ရင်နဲ့ မဆန့်အောင် ခံစားနေရပုံပါပဲနော်။

 

 

 

 

CRD: Cele Platform

mdatenews

mdatenews