အသက် ၄၃ နှစ် ရောက်တဲ့အထိ ကျက်သရေရှိရှိ နုပျိုနေဆဲပဲဆိုတဲ့ မင်းသမီး စိုးမြတ်နန္ဒာ
ပရိသတ်တွေက ချစ်စနိုးနဲ့ ဒါဒါလို့ခေါ်ကြတဲ့ ဝါရင့်မင်းသမီးကြီး စိုးမြတ်နန္ဒာ ကတော့ တစ်ခေတ်တစ်ခါတုန်းက မြန်မာနိုင်ငံရဲ့
ထိပ်တန် းမင်းသမီးချောတစ်လက် ဖြစ်ခဲ့ပါတယ် ။ အနုပညာမျိုးရိုးရှိသူပီပီ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့
ဝါရင့်မင်းသမီးတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ လက်ရှိမှာ ဒါဒါ ကတော့ ရုပ်ရှင်သရုပ်ဆောင်
မင်းသားကြီး စိုးသူ နဲ့ အချစ်ခရီးလမ်းကို တူတူလျှောက်လှမ်းနေကြပါတယ်နော်။ ဒီကနေ့ကတော့ ဒါဒါ ရဲ့မွေးနေ့ရက်မြတ်လေးပဲ
ဖြစ်ပါတယ် ။ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတော့ပရိသတ်အချစ်တော် မင်းသမီး စိုးမြတ်နန္ဒာ ရဲ့ ၄၃ နှစ်ပြည့်မွေးနေ့လေးပဲ
ဖြစ်ပါတယ်။ သူမကတော့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ “15.12.2022 ၄၃ နှစ်ပြည့်တဲ့ မွေးနေ့အစ ကို
သိမ့်ခနဲတုန်ခါသွားတဲ့ ငလျင် နဲ့ စခဲ့ပါတယ်… မဟာဂန္ဓာရုံကျောင်း( အမရပူရ – မန္တလေး) မှာ နေ့ဆွမ်းလောင်းလှူခဲ့ပါတယ်..
ကုသိုလ်တွေအားလုံးထပ်တူရကြပါစေရှင့်” ဆိုပြီး ဓာတ်ပုံလေးနဲ့အတူ စာသားလေးကို တွဲတင်ထားတာကိုတွေ့ရပါတယ်။ ဒီနေ့မှာ
ကျရောက်တဲ့ ၄၃ နှစ်ပြည့်မွေးနေ့ရှင်ဖြစ်တဲ့ မင်းသမီး စိုးမြတ်နန္ဒာ အတွက် မွေးနေ့ဆုတောင်းစကားလေးတွေကို ကောမန့်မှာ
ရေးသားသွားပေးခဲ့ပါအုန်းနော်။ အဆုံးထိ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊
သာယာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ နော်,,
Zawgyi
သာယာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ နော်,, mdatenews
mdatenews