ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ဆရာဖြစ်သူ ဦးကျော်သက်လင်း အတွက် ဂုဏ်ယူနေရတယ်ဆိုတဲ့ မြနှင်းရည်လွင်

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ဆရာဖြစ်သူ ဦးကျော်သက်လင်း အတွက် ဂုဏ်ယူနေရတယ်ဆိုတဲ့ မြနှင်းရည်လွင်

ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေကို အားလုံးသိကြမယ်ထင်ပါတယ်‌။ ဖေဖော်ဝါရီလကစခဲ့တဲ့

နိုင်ငံရေးမီးလောင်ကျွမ်းနေတာဆိုရင် ကိုးလကျော်အချိန်ကိုကြာမြှင့်ခဲ့ပါပြီ.နော် ။ အာဏာသိမ်းတာကို လက်မခံတဲ့

ပြည်သူတွေအားလုံးနီးပါး ပါဝင်တဲ့ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ်ပေါက်လာခဲ့တာပါ ။ နိုင်ငံတော်ကခန့်အပ်ထားတဲ့

အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက် ခဲ့ကြပါတယ် ။ခ ထိုအထဲတွင် အာဏာစသိမ်းခဲ့တဲ့အချိန်အစောပိုင်းကထဲက

CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း တစ်ယောက်လဲပါဝင်ခဲ့ပါတယ် ။ ဆရာတပည့်ဖြစ်တဲ့

မြနှင်းရည်လွင် ကတော့ ဆရာဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေပါတယ် ။ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း ဟာ

လွတ်မြောက်နယ်မြေရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ” တောထဲဝင် ယူနီဖောင်းလေးဝတ် သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင်

အဆင်ပြေမလား…. ကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကို လိုက်ကြည့်မိတယ် ။ အများအားဖြင့်တော့ အရင်အတိုင်းပါပဲ…

ကျနော်လား…? ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။

မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွ ာဖြစ်မိပါတယ် ။ မြို့ပြမှာ စိတ်ရောကိုယ်ပါ

ဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။ စိတ်ပူနေကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ် ”

သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်ကနေ အသိပေး ရေးသားထားတာကြောင့် ပရိသတ်တွေနဲ့ မိတ်ဆွေများက လေးစား အံ့သြခဲ့ကြရပါတယ် ။

အမှန်တရားအတွက် လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ “ကျန်းမာတော်မူကြပါစ”ဆိုတဲ့ အသံပိုင်ရှင် MRTV ရုပ်သံရဲ့သတင်းတင်ဆက်သူ

ကိုကျော်သက်လင်း အတွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ပြည်သူဘက်တော်သား CDM သရဲကောင်း

ကိုကျော်သက်လင်း ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ် ။

Zawgyi

ေရွ႕တန္းစစ္ေျမျပင္မွာ တိုက္ပြဲဝင္ေနတဲ့ ဆရာျဖစ္သူ ဦးေက်ာ္သက္လင္း အတြက္ ဂုဏ္ယူေနရတယ္ဆိုတဲ့ ျမႏွင္းရည္လြင္

ပရိသတ္ႀကီးေရ ျမန္မာျပည္ရဲ႕လက္ရွိႏိုင္ငံေရးအေျခအေနေတြကို အားလုံးသိၾကမယ္ထင္ပါတယ္‌။ ေဖေဖာ္ဝါရီလကစခဲ့တဲ့

ႏိုင္ငံေရးမီးေလာင္ကြၽမ္းေနတာဆိုရင္ ကိုးလေက်ာ္အခ်ိန္ကိုၾကာျမႇင့္ခဲ့ပါၿပီ.ေနာ္ ။ အာဏာသိမ္းတာကို လက္မခံတဲ့

ျပည္သူေတြအားလုံးနီးပါး ပါဝင္တဲ့ဆႏၵျပပြဲေတြ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ေပၚေပါက္လာခဲ့တာပါ ။ ႏိုင္ငံေတာ္ကခန႔္အပ္ထားတဲ့

အစိုးရဝန္ထမ္းေတြကလဲ CDM အေနနဲ႔ပါဝင္ သပိတ္ေမွာက္ ခဲ့ၾကပါတယ္ ။ခ ထိုအထဲတြင္ အာဏာစသိမ္းခဲ့တဲ့အခ်ိန္အေစာပိုင္းကထဲက

CDM ျပဳလုပ္ခဲ့တဲ့ MRTV ႐ုပ္သံရဲ႕ သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း တစ္ေယာက္လဲပါဝင္ခဲ့ပါတယ္ ။ ဆရာတပည့္ျဖစ္တဲ့

ျမႏွင္းရည္လြင္ ကေတာ့ ဆရာျဖစ္သူအတြက္ ဂုဏ္ယူဝမ္းေျမာက္ေနပါတယ္ ။ သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း ဟာ

လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတယ္ဆိုတဲ့အေၾကာင္းကို ” ေတာထဲဝင္ ယူနီေဖာင္းေလးဝတ္ ေသနတ္ေလးကိုင္ၿပီးဓာတ္ပုံ႐ိုက္ျပရင္

အဆင္ေျပမလား…. က်ေနာ္fb accေလးျပန္ရၿပီး မိတ္ေဆြေတြကို လိုက္ၾကည့္မိတယ္ ။ အမ်ားအားျဖင့္ေတာ့ အရင္အတိုင္းပါပဲ…

က်ေနာ္လား…? ကိုဗစ္ ငွက္ဖ်ား တုတ္ေကြး အားလုံးထိၿပီး လြန္ေျမာက္ခဲ့ပါၿပီ။ ကိုယ္ေရာစိတ္ပါ က်န္းမာလ်က္ပါ။

မီးစိမ္းေလးမလင္း ျပန္မလာ ျပန္မဆုံေတာ့တဲ့မိတ္ေဆြေတြအတြက္စိတ္မေကာင္းႀကီးစြ ာျဖစ္မိပါတယ္ ။ ၿမိဳ႕ျပမွာ စိတ္ေရာကိုယ္ပါ

ဒုကၡေရာက္ေနၾကသူေတြအတြက္လည္း စိတ္ထိခိုက္ရပါတယ္။ စိတ္ပူေနၾကသူေတြအားလုံးကိုလည္း ေက်းဇူးတင္စြာ ႏႈတ္ခြန္းဆက္ပါတယ္ ”

သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚကေန အသိေပး ေရးသားထားတာေၾကာင့္ ပရိသတ္ေတြနဲ႔ မိတ္ေဆြမ်ားက ေလးစား အံ့ၾသခဲ့ၾကရပါတယ္ ။

အမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတဲ့ “က်န္းမာေတာ္မူၾကပါစ”ဆိုတဲ့ အသံပိုင္ရွင္ MRTV ႐ုပ္သံရဲ႕သတင္းတင္ဆက္သူ

ကိုေက်ာ္သက္လင္း အတြက္ဂုဏ္ယူဝမ္းေျမာက္ရပါတယ္။ ျပည္သူဘက္ေတာ္သား CDM သရဲေကာင္း

ကိုေက်ာ္သက္လင္း ေဘးကင္းလုံၿခဳံပါေစလို႔ ဆုေတာင္း ေမတၱာပို႔သအပ္ပါတယ္ ။mdatenews

mdatenews