ဖြစ်ချင်တာတွေမဖြစ်ရလို့ လူတွေကြားမှာ စိတ်ဓာတ်မကျသွားအောင် ကိုယ့် ကိုကိုယ် အားပေးလိုက်တဲ့ ပိုပို

ဖြစ်ချင်တာတွေမဖြစ်ရလို့ လူတွေကြားမှာ စိတ်ဓာတ်မကျသွားအောင် ကိုယ့် ကိုကိုယ် အားပေးလိုက်တဲ့ ပိုပို

အဆိုတော် ပိုပို ကတော့ သီချင်းချိုချိုအေးအေးလေးတွေကို ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့်

မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်မလေးတစ်ဦးဖြစ်ပါတယ် ။ သူမရဲ့ ယောက်ကျားဆန်ဆန်ပုံစံလေးကလဲ

ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်းတာကြောင့် ပိုမို ချစ်ခင်ကြရ ပြန်ပါတယ် ။ ပိုပို ရဲ့ထွက်သမျှသီချင်းတိုင်းဟာ

နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ် ။ သူမ ဟာ သီချင်းဆိုရာမှာ

တော်လွန်းရုံမက အမှန်တရားအတွက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပါသေးတယ် ။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် လက်ရှိအချိန်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။

အကျဉ်းထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သူမရဲ့ပထမဆုံးသီချင်းလေးအဖြစ် အိမ်လွမ်းနာ ဆိုတဲ့

သီချင်းလေးထွက်ရှိလာခဲ့ပါတယ်။ ထို့နောက် ပထမဆုံးအနေနဲ့ သိမ်းငှက်သုံးကောင်စိန်ဆိုင်အတွက် Live Sale လေးရောင်းချပေးခဲ့တာကြောင့်

ပရိသတ်တွေရဲ့ဝေဖန်မှု့ကို ခံခဲ့ရပါသေးတယ်။ ပိုပို ဟာ ဖြစ်ချင်တာတွေမဖြစ်ရလို့ စိတ်ဓာတ်မကျသွားအောင် ကိုယ့်ကိုကိုယ် အားပေးနေတဲ့

အကြောင်းကို ” အခု အသက်အရွယ်မှာ သေသေချာချာ သိလိုက်ရတာက ဆုတောင်းတိုင်း တကယ် မပြည့်ဘူး (ကိုယ်ဖြစ်ချင်တာ

ဖြစ်မလာဘူး မဖြစ်ချင်တာတွေဖြစ်လာနိုင်တယ်) အဲ့ဒီ့အတွက်လဲ စိတ်ဓါတ်မကျပါနဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်ရမှာတော့

ကိုယ့်တာဝန်ပဲ အဲ့ဒါ လောကဓံတွေပဲ Fighting ” လို့ ပိုပို ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်၊

ပိုပိုအတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော် ။

Zawgyi
















mdatenews

mdatenews