ရှားပါးသတ္တာဝါဖြစ်တဲ့ သင်းခွေချပ်လေးတစ်ကောင်အား ဟင်းအိုးထဲရောက်မှာဆိုးလို့ ကယ်တင်ပေးလိုက်တဲ့ အောင်မြင့်မြတ်ရဲ့ဗီဒီယို
မင်းသားချောအောင်မြင့်မြတ်ကတော့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးမှာ သိန်းစိုးဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ ။ဥပာယ်တံမျဉ်ဇာတ်ကားနဲ့ ပြည်သူပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ ချစ်ခင်မှုတွေကို
အခိုင်အမာရရှိထားတဲ့ အောင်မြင့်မြတ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်မင်းသားချောတစ်ဦးဆိုလည်း မမှားပါဘူးနော်။အောင်မြင်တဲ့ မင်းသားတစ်ယောက်အနေနဲ့ စိတ်ဓာတ်မြင့်မြတ်ပြီး သဘောကောင်းတဲ့ သူတစ်ယောက်အဖြစ် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင် ထားတဲ့ သူတစ်ယောက်ပါ။
သူရဲ့လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ် ။အခုလည်း ရှားပါးသတ္တဝါတစ်ကောင်ဖြစ်တဲ့ သင်းခွေချပ်လေးကို ကယ်တင်ခဲ့ပုံကို ပုံလေးတွေနဲ့ တကွ ရေးသားဖော်ပြလာပါတယ် ။ ဟင်းအိုးထဲရောက်တော့မယ့် သင်းခွေချပ်လေးကို ကယ်တင်နိုင်ခဲ့လို့ ပီတိဖြစ်ေ နကြောင်းကိုလည်း ”
ဟင်းစားအိုးထဲကဟင်းစားအိုးထဲက ချိန်မှီကယ်တင်လိုက်နိုင်တဲ့ သင်းခွေချပ် လေး ဆိုပါတော့..ဘာပဲဖြစ်ဖြစ် နေရမယ့်သက်တမ်းနည်းနည်းရှည်သွားတာပေါ့ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ် ။
Credit– Cele Zonemdatenews
mdatenews