Media Update News

News Media Website

Cele

အမေဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အိမ်မက်တစ်ခုမက်ခဲ့တဲ့အကြောင်းကိုပြောပြလာတဲ့ အဆိုတော်အောင်ရင်

 

 

တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ဝါရင့်အဆိုတော်ကြီးအောင်ရင်ကတော့သီချင်းတွေကိုပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်သူတစ်ယောက်ပါ။ဒီနေ့မှာတော့အဆိုတော်အောင်ရင်ကဒေါ်အောင်ဆန်းစုကြည်ကိုအိမ်မက်မက်တဲ့အကြောင်းသူ့ရဲ့လူမူကွန်ယက် မှာရေးသားထားပါတယ်။

 

 

 

 

ညကအမေစုကိုအိပ်မက်မက်တယ်၊အမေစုရယ်ကော်နီရယ် ကျနော်ကအိမ်ကိုထမင်းစားဖို့ခေါ်လာတာတဲ့ အိမ်ရောက်တော့ဟင်းကတမျိုးထဲဖြစ်နေလို့ညီထွေးကိုသွားဝယ်ခိုင်းတယ်ဆိုပြီးမက်တယ်ခုဏကပဲဒေါ်မိုးကိုပြောပြတော့အမေစုနေသိပ်မကောင်းဘူးလို့သိရတယ်။

 

 

 

တရားရုံးသွားတာကားကိုဘယ်လိုများမောင်းလည်းမသိဘူးခေါင်းမူးလို့သေချာမထိုင်နိုင်ဘူးတဲ့၊အဲ့ဒါနဲ့ပဲ ဒီနေ့တရားရုံးကပြန်သွားရတဲ့သတင်းဖတ်လိုက်ရတယ်ပြောတယ်၊အမေစီးလာရတဲ့ကားမောင်းတာကြမ်းလို့ခေါင်းမူးတယ်ဆိုတော့အတော်များဖြစ်နေသလားအမေရယ်စိတ်ပူလိုက်တာဗျာ၊အမေစုကျန်းမာပါစေခင်ဗျာလို့အဆိုတော်အောင်ရင်ကလူမူကွန်ယက် မှာရေးသားထားပါတယ်။

 

 

 

 

Creditmdatenews

mdatenews