အိန္ဒြာကျော်ဇင်ရဲ့မိခင် သူမရဲ့အဘွားမွေးနေ့လေးမှာ အရင်လိုမိသားစုစုံစုံလင်လင်မရှိတဲ့အတွက် အရမ်းဝမ်းနည်းကြောင်းပြောပြလာတဲ့ မေတိုးခိုင်

 

 

မန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်ပိုင် းပြည်သူလူထုတစ်ရပ်လုံးကလုံးဝလက်မခံဘဲဆန့်ကျင့်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူအနုပညာရှင်တွေကလည်းလမ်းမပေါ်ထိထွက်ကာအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။

 

 

 

 

ဒါကြောင့်တချို့အနုပညာရှင်တွေဖမ်းဆီးခံခဲ့ရပြီးတချို့အနုပညာရှင်တွေကလွတ်မြောက်နယ်မြေကိုရောက်ရှိနေကြတာဖြစ်ပါတယ်။အဲဒီထဲမှာသရုပ်ဆောင်အိန္ဒြာကျော်ဇင်တို့စုံတွဲနဲ့တူမဖြစ်သူမေတိုးခိုင်ကတော့ ဖမ်းဆီးခံခဲ့ရပြီးအင်းစိန်ထောင်ကိုပို့တောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

 

 

 

 

သရုပ်ဆောင်မေတိုးခိုင်ကတော့ကံကောင်းစွာနဲ့ပြန်လွတ်လာခဲ့ပြီးအိန္ဒြာကျော်ဇင်တို့ကတော့ဒီနေ့အချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ဒီနေ့မှာတော့မေတိုးခိုင်က သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့မိခင်ကြီးမွေးနေ့မှ ာနှစ်တိုင်းမိသားစုစုံစုံလင်လင်ရှိပေမယ်ဒီနှစ်တော့မစုံနိုင်တော့ဘူးအကြောင်းအခုလိုဝမ်းနည်းစွာပြောပြလာပါတယ်။

 

 

 

 

မေတိုးခိုင်က happy birthday phwarမိသားစုထဲမှာစိတ်ဓာတ်အမာဆုံးဘွား၊အမြဲတမ်းလည်းမွေးနေ့တိုင်းမှာမိသားစုစုံစုံလင်လင်ဒီနှစ်တော့ ဆုတောင်းမပြည့်ခဲ့ကြဘူးပေါ့။ဘွားဘွားတောင်းဆုများအမြန်ဆုံးပြည့်ပါစေ။မိသားစုအမြန်ဆုံးပြန်လည်စုံတွေ့နိုင်ပါစေ။we love u and thank u for being our superheroဆိုပြီးမေတိုးခိုင်ကပြောပြထားတာ လည်းဖြစ်ပါတယ်။

 

 

 

 

Creditmdatenews

mdatenews