ပြည်သူတွေရဲ့ဆုတောင်းတွေ မပြည့်သေးဘဲ အသက်တစ်နှစ် ပိုကြီးလာရမှာကို ရှက်နေမိတဲ့ မူးလာ
ပရိသတ်ကြီးရေ ဆံပင်ရှည်ရှည် မျက်နှာချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ကရင်တိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့
စောခရစ် မူးလာ ကိုတော့ ချစ်တဲ့ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ် ။ သူကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ
ဝင်ရောက်ယျဉ်ပြိုင်ရင်း ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းတဲ့ မူးလာ ဟာ
အမှန်တရားကိုလဲ ချစ်မြတ်နိုးသူဖြစ်တာကြောင့် အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ လက်ရှိမှာလွတ်မြောက်နယ်မြေကို
ရောက်ရှိနေပါတယ်။ အဆိုတော် မူးလာ ဟာ မိသားစုနဲ့ဝေးကွာပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။
ပြည်သူ့ရဲဘော်တွေနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ရှေ့တန်းစစ်မြေပြင်ကို ကော်ဘရာစစ်ကြောင်းနဲ့အတူ သွားရောက်ခဲ့ပြီး
တိုက်ပွဲအောင်နိုင်ဖို့ ကြိုးစားရုန်းကန်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လဲ မူးလာ ကတော့ သူ့ထက်ပိုပြီးပေးဆပ်နေကြတဲ့
သူရဲကောင်းတွေနဲ့ ပြည်သူတွေရဲ့ ဆုတောင်းတွေမပြည့်သေးပဲ အသက်တစ်နှစ်ကြီးလာမှာကို ရှက်မိတဲ့အကြောင်းကို “အသက်တနှစ် ပိုကြီးလာရမှာကို
ရှက်နေမိတယ် ပေးဆပ်တဲ့ သူရဲကောင်းတွေနဲ့ မပြည့်ဝသေးတဲ့ ပြည်သူတွေရဲ့တောင်းဆု မပြည့်နိုင်သေးလို့ ထပ်ခါရှက်မိနေတယ်
အားအင်များ ပေးသနားတော်မူပါ” လို့ မူးလာ ရဲ့လူမှု့ကွန်ယက်ပေါ်မှာ စိတ်မကောင်းစရာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ အဆိုတော် မူးလာ နဲ့အတူ ပြည်သူ့ရဲဘော်တွေအားလုံး ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းလေးတွေကို
ကောမန့်မှာရေးသားသွားခဲ့ပါအုန်းနော်။ အချိန်တိုင်းဖတ်ရှု့ပေးတဲ့ စာဖတ် ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော် ။mdatenews
mdatenews