လတ်တလောမှာနာမည်ကြီးနေတဲ့ ထေရီမတို့ရွာမှာ သမီးလေးအတွက် မွေးနေ့အလှူပြုလုပ်ပေးခဲ့တဲ့ အဆိုတော် အိမ့်ချစ်

လတ်တလောမှာနာမည်ကြီးနေတဲ့ ထေရီမတို့ရွာမှာ သမီးလေးအတွက် မွေးနေ့အလှူပြုလုပ်ပေးခဲ့တဲ့ အဆိုတော် အိမ့်ချစ်

အဆိုတော် အိမ့်ချစ် ကတော့ အသံပါဝါ ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ သီချင်းကောင်းများစွာကို ခံစားသီဆိုထားနိုင်တာကြောင့်

မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ် ။ သူမဟာ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့

ဝါရင့်အဆိုတော်တစ်ဦးဖြစ်တဲ့ ဦးချစ်ကောင်း ရဲ့သမီးလဲဖြစ်ပါတယ်။ အိမ့်ချစ် ဟာ ချစ်ရတဲ့ချစ်သူနဲ့ ရွှေလက်တွဲခဲ့ပြီး သာယာပျော်ရွှင်တဲ့

အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ အဆိုတော် အိမ့်ချစ်မှာတော့ ချစ်ဖို့ကောင်းတဲ့ သမီးဦးလေး တေးအမရာလှိုင် ကိုပိုင်ဆိုင်ထားပြီးတော့

အခုဆိုရင် သမီးလေး ဟာ မနေ့က ဒီဇင်ဘာလ ၆ရက်နေ့မှာ အသက် လေးလပြည့်သွားခဲ့ပါပြီ။ လေးလပြည့်မွေးနေ့အလှူလေးအဖြစ်

ဗောဓီဆာယာတောရထေရီမတို့ရွှာ က ဆရာလေးများနဲ့ များကို နေ့ဆွမ်းကပ်လှူခဲ့ပါတယ် ။ “Amara ရဲ့ ၄လပြည့် အလှူလေး အဖြစ်

ဗောဓိဆာယာတောရ-ထေရီမတို့ရွာ မှာ ဆရာလေးများနဲ့ယောဂီများကို နေ့ဆွမ်း ကပ်လှူခဲ့ပါတယ်ရှင့် ဆရာလေးကလဲ ‘Amara’အတွက်

မွေးနေ့ကိတ်လေးစီစဉ်ပေးပါတယ်မီးမီးရဲ့အလှူလေးကို ကုသိုလ်ထပ်တူရကြပါစေရှင့်” လို့ အိမ့်ချစ်ရဲ့သမီးလေး တေးအမရာလှိုင် ရဲ့

ကိုယ်ပိုင် လူမှု့စာမျက်နှာပေါ်မှာ ရေးသားထားပါတယ် ။ ပရိသတ်ကြီးရေ အဆိုတော် အိမ့်ချစ်ရဲ့ သမီးချောလေး တေးအမရာလှိုင် ရဲ့

လေးလပြည့်မွေးနေ့အလှူလေးကို ကြည်ကြည်နှုးနှုးနဲ့ သာဓု ခေါ်ဆိုခဲ့ပြီး သမီးလေးအတွက် မွေးနေ့ဆုတောင်းလေးတွေကို

ကောမန့်မှာ ရေးသား သွားပေးခဲ့အုန်းနော် ။ သာယာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ ။mdatenews

mdatenews