မြန်မာပြည်သူတွေကတော့ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကို အလူးအလဲ ခံစားခဲ့ရပြီး အောက်ဆီဂျင်မရတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အောက်ဆီဂျင် အလွယ်တကူမရတဲ့ အတွက်ကြောင့် လူအများ အပြားလည်း သေဆုံးခဲ့ရတာကို စိတ်မကောင်းစွာ တွေ့မြင်ကြားသိရပါတယ်။
လတ်တလောမှာလည်း အောက်ဆီဂျင်လိုအပ်နေကြတဲ့ အရေးပေါ်လူနာများအတွက် သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုက အောက်ဆီဂျင်စက်များ အခမဲ့ ငှားရမ်းပေးခဲ့တဲ့အပြင် အောက်ဆီဂျင် အလွယ်တကူ ဖြည့်တင်းနိုင်အောင်အောက်ဆီဂျင် စက်ရုံ တည်ဆောက်လာခဲ့တာဖြစ်ပါတယ်နော်
လက်ရှိမှာတော့ နန္ဒာလှိုင်တို့ မိသားစုရဲ့ အောက်ဆီဂျင်စက်ရုံဟာ စတင်လည်ပတ်နေပြီး လိုအပ်နေတဲ့ ပြည်သူတွေနဲ့ လူမှုရေး ပရဟိတအသင်းတွေကို မျှဝေလှူဒါန်းနေပြီ ဖြစ်ပါတယ်။ ဒီနေ့လေးမှာလည်း နန္ဒာလှိုင်က ဆေးရုံတက်ပြီးဆေးကုသမှု ခံယူနေရတယ်လို့လည်း ဦးဇေသီဟ ကသူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ တင်လာခဲ့ဖြစ်ပါတယ်။ဘာရောဂါနဲ့ဆေးကုသမှုခံယူနေရတယ်လို့တော့ သေချာမပြောပြထ ားပါဘူး. ဒါ့ကြောင့် စာဖတ်ပရိသတ်ကြီးလည်း နန္ဒလှိုင် နေပြန်ကောင်းဖို့ ဆုတောင်းပေးကြပါအူံးနေ
CRD:Cele Platform
mdatenews
mdatenews