ဖေ့စ်ဘုတ်ဆယ်လီနေဆန်းကတော့ ..သူများနဲ့မတူတမူထူးခြားတဲ့ ..ဟာသလေးတွေတင်ဆက်ရင်းလူသိများလာခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။လှပတဲ့မျက်နှာအမူအရာ အပြောအဆိုတွေကြောင့်လူအများရဲ့အားပေးမှုကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ထို့ပြင် နေဆန်းကပရိသတ်တွေ အားပေးမှုကြောင့် ရရှိလာခဲ့တဲ့ ဝင်ငွေများဖြင့် သိန်းထောင်ချီ တန်သောအိမ်ကောင်းကောင်းမွန်မွန်ဆောက်လုပ် နေထိုင်လာနိုင်လာခဲ့ပါတယ်
နေဆန်းကလက်ရှိမှာတော့ သူဝါသနာပါတဲ့အလုပ်တွေ ကိုလုပ်ကိုင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိကာအောင်မြင်မှုတွေ ရရှိဆွတ်ခူးနေပြီပဲ ဖြစ်ပါတယ်။နေဆန်းကလည်းသူ့ရဲ့အလုပ်ကို.. အာဏာသိမ်းခံထားရချိန်တောင်မှ ဂရုမစိုက်ပဲ အလုပ်တွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် ပြည်သူများရဲ့ …အပြစ်တင် ဝေဖန်မှုကိုလဲအပြင်းအထန် ခံနေရပါတယ်
အဲဒီနောက်ပိုင်းမှာတော့ နေဆန်းက ဘယ်ဘက်ကိုမှ ရဲရဲဝင့်ဝင့်ရပ်တည်လာခြင်းမရှိတာကြောင့် နေဆန်းနှင့် ပတ်သတ်သည့် ကြော်ငြာများရိုက်ကူးထားသည့် လုပ်ငန်းရှင်များက နေဆန်းနဲ့ပက်သက်တဲ့ လုပ်ငန်းများကို ရပ်ဆိုင်းပစ်ရတဲ့အထိ ဝေဖန်ခံခဲ့ရပါသေးတယ်။အဲနောက်ပိုင်းမှာတော့ နေဆန်းက ပရိသတ်များအပေါ်မထိမဲ့မြင်ရေးသားချက်တွေကြောင့် အပြင်းအထန်ဝေဖန်ခံရပြီးနောက်ပိုင်းမှာတော့ နေဆန်းတစ်ယောက်ပရိသတ်တွေကို ပြန်လည်တောင်းပန်စာ ရေးသားလာခဲ့ပါတယ်။
ခုနောက်ပိုင်းတွေမှာတော့ နေဆန်းတစ်ယောက်ဖေ့ဘုတ်စာမျက်နှာကနေ ပျောက်ကွယ်နေပြီး Instagram မှာပဲ ပျော်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေဆန်းက သူတော်ကောင်းတွေမို့ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးပါဘုရားဆိုပြီး ရေးသားလာခဲ့ပါတယ်။ နေဆန်းရေးသားထားတဲ့အောက်မှာတော့ ပရိသတ်တွေက ကြားကနေ တည့်တည့်လေး သေချာထိုင်ထားနော်. ဆိုပြီး ရေးသားခဲ့ကြပါသေးတယ်။ပရိသတ်ကြီးလည်း နေဆန်းရဲ့ဆုတောင်းစာလေးက ဘယ်သူတွေဘက်ကို ဆုတောင်းပေးတယ်လို့ ထင်တယ်ဆိုတာကိုလည်း ရေးပေးသွားခဲ့ကြပါအုံးနော်
CRD:mdatenews
mdatenews