ပရိသတ်ကြီးရေ သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ ချစ်သူ လောကကြီးကနေ ထွက်ခွာသွားတာ ဒီနေ့မှာ (၂) လပြည့်သွားပါပြီနော်။ ညီထွဋ်ခေါင်ကတော့ နှစ်တွေအကြာကြီး တွဲခဲ့တဲ့ချစ်သူကို တစ်နေ့မှမေ့မရဘဲ သတိရနေပြီး သူမအတွက် ကောင်းမှု ကုသိုလ်လေးတွေ ပုံမှန်လုပ်ပေး ဖြစ်နေပါတယ်နော်။
ညီထွဋ်ခေါင်ရဲ့ Facebook Story မှာလည်း (၂) လပြည့်တာတောင် မေ့မရနိုင်သေးဘဲ သတိရစိတ်တွေနဲ့ ရှင်သန်နေထိုင်နေရကြောင်း ရင်ဖွင့်ရေးသားလာခဲ့ပါတယ်နော်။ ” မေရေ ထွက်သွားလိုက်တာ (၂) လတောင် ပြည့်သွားပြီ။ပြန်မလာတော့ဘူးဆိုတာ သိနေပေမယ့် ဘယ်ဆီကိုများ ရောက်နေ မလဲလို့ တွေးရင်း တမ်းတမိနေတာတော့ နေ့တိုင်းပါပဲ။
မေမရှိတဲ့ဘဝမှာ တစ်ယောက်တည်း နေသားကျဖို့ တော်တော် ကြိုးစားရဦးမယ်။ သတိရတယ် လွမ်းတယ် ဆိုတာထက် ပိုပါတယ်မေရေ” လို့ ခံစားချက်တွေကို ရေးသားလာခဲ့ပါတယ်နော်။ ညီထွဋ်ခေါင်ဟာ သူ့ကောင်မလေးရဲ့နောက်ဆုံးအချိန် အနားမှာနေပေးခဲ့သူလည်း ဖြစ်ပါတယ်နော်။
Creditmdatenews
mdatenews