ဦးဇော်ဝင်းထွဋ်၏သား အဆိုတော်အီတိုးဖမ်းဆီးခံရ

အဆိုတော်ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော်အီတိုးအား စက်တင်ဘာလ ၈ရက်နေ့က သူ၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရပါတယ်။

 

 

 

 

 

အဆိုတော်အီတိုးကို သူ၏နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အီတိုးနှင့်ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း သိရပါတယ်။အဆိုတော် အီတိုးရဲ့ မိသားစုဝင်တဦးက “အသက်အရွယ်တခုရောက်လာကြပြီဆိုတော့ တော်ရုံဆို သိပ်မတုန်လှုပ်ဘဲ ခံနိုင်ရည်ရှိလာပြီလို့ ထင်ထားခဲ့ကြတာ။

 

 

 

 

အခုနှစ်ပိုင်းတွေမှာ စိတ်ညစ်စရာ ၊ စိတ်ရှုပ်စရာတွေ များလွန်းလို့ ဒီထက်တော့ ပိုမဆိုးနိုင်တော့ဘူးလို့လည်း ထင်ထားခဲ့ကြတာ။ ဒီတကွက်ကတော့ အားလုံးအရှိုက်ကိုထိတယ်။ အစစအရာရာအဆင်ပြေပြီး အန္တရာယ်ကင်းပါစေ”လို့ ပြောထားပါတယ်။

 

 

 

 

 

အဆိုတော်အီတိုးဖမ်းဆီးခံရမှုအပေါ် အနုပညာအသိုင်းအဝိုင်းမှ ဘေးကင်းကင်းနဲ့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ဝိုင်းဝန်းဆုတောင်းလျက်ရှိပါတယ်။

 

 

 

mdatenews

mdatenews