Media Update News

News Media Website

Cele

အင်းစိန်ထောင်ထဲမှာ အတူတူနေတဲ့ အခန်းဖော်မှ ပြောပြလာခဲ့တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ အကြောင်း

 

 

ဒီနေ့ အထဲကို မအူဝဲရောက်နေတာ ၅ လပြည့်တဲ့နေ့လေး😢အမနဲ့ပက်သက်ပီးစာလေးနဲနဲလေးရေးချင်လာတာရယ် ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘဝမှာ အမလောက်အေးချမ်းတဲ့မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး 🤍ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေအများကြီးသိခဲ့ရတယ်။

 

 

 

 

❤️ရူပါတို့ အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပီးသွားပြီ။တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲ ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။

 

 

😔ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။ ❤️ သားသမီးနဲ့ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီး တစ်ယောက်ထဲကြိတ်ငိုနေရရှာတဲ့ချစ်သောအမပါ။ အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကိုဆို့နစ်နေတာပါပဲ။

 

 

 

😢😢ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့ အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်၊ ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ်

 

 

 

သူ ခုချိန်ထိ ‌ကောင်းကောင်းသည်းခံနေနိုင်မယ်ဆိုတာ သိပေမဲ့ သူ ဘယ်လောက်ပြန်တွေ့ချင်နေလိမ့်မလဲဆိုတာလဲ အရမ်းသိတယ်😢😢ဘဝတကွေ့မှာ အမနဲ့အတူတူဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်။လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီး မျက်ရည်တွေကျအောင် ခံစားတတ်တဲ့ စိတ်ထားနူးညံ့လွန်းသူပါ။

 

 

 

 

လူ့ဘဝမှာ တကယ့်ကိုနေတတ်ခြင်းနဲ့ပြည့်စုံလွန်းတဲ့ မင်းသမီး 👸💜ကိုယျတိုငျခံစားဖူးတဲ့သူတစျယောကျမို့လို့ အမကိုအမွနျဆုံး ပွနျလာစခေငြျတယျ။ သူ့ဘဝမှာ အရေးကွီးဆုံးက ဒီမိသားစုလေးပဲဆိုတဲ့ အမကျို အရငျလို မိသားစုပြောျပြောျရှှငျရှှငျလေး ပွနျနတောကို မွငျခငြျတယျ။😢😢 အမကိုအမြန်ဆုံးလွှတ်ပေးဖို့တကယ့်ကိုတောင်းဆိုချင်ပါတယ် ချစ်ရတဲ့အမအမြန်ဆုံး ပြန်လွတ်ပါစေ🙏🏻🙏🏻🙏🏻”ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်နော်။

 

 

Creditmdatenews

mdatenews